• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတော်ပိုင် လုပ်ငန်းဌာနများ Belt and Road လက်တွဲ တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်နေ

(GMT+08:00) 2017-05-09 09:51:59

တရုတ်အစိုးရက Belt and Road ကမ်းလှမ်းချက်ကို တင်ပြခဲ့သည့်နောက်ပိုင်း တရုတ် ဗဟိုအစိုးရက စီမံအုပ်ချုပ်သော နိုင်ငံတော်ပိုင် လုပ်ငန်းဌာနများသည် နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှုကို အဆက်မပြတ် တိုးချဲ့ ဆောင်ရွက်နေခဲ့ပါသည်။ ယခုလ ၈ ရက်နေ့က တရုတ် နိုင်ငံတော်ကောင်စီ နိုင်ငံတော်ပိုင် ငွေရင်းနှင့်ဓနဥစ္စာ ကြီးကြပ်စီမံအုပ်ချုပ်ရေး ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်က၊ နိုင်ငံတော်ပိုင် လုပ်ငန်းဌာန ၄၇ ခုတို့သည် Belt and Road တလျှောက်မှ ဈေးကွက်များ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေပြီး လုပ်ငန်းနယ်ပယ်များမှာ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး၊ မီးရထားလမ်းနှင့် လျှပ်စစ်ဓါတ်အား စသဖြင့် ပါဝင်ကာ ဒေသခံ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ တွန်းအားပေးခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။

နိုင်ငံတော်ကောင်စီ နိုင်ငံတော်ပိုင် ငွေရင်းနှင့်ဓနဥစ္စာ ကြီးကြပ်စီမံအုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ရှော်ယာ့ချင့်က၊ လွန်ခဲ့သည့် ၃ နှစ်အတွင်း နိုင်ငံတော်ပိုင် လုပ်ငန်းဌာန ၄၇ ခုတို့သည် ငွေရင်းမြှုပ်နှံမှု သို့မဟုတ် နိုင်ငံခြား လုပ်ငန်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး Belt and Road တလျှောက်မှ နိုင်ငံများနှင့် လုပ်ငန်းစဉ် ၁၆၇၆ ရပ်ကို လက်တွဲ ဆောင်ရွက်ခဲ့ကြောင်း၊ စွမ်းအင် သယံဇာတ ပူးပေါင်း ဆောင်ရွက်ရေး နယ်ပယ်တွင် နိုင်ငံတော်ပိုင် လုပ်ငန်းဌာနများသည် နိုင်ငံ ၂၀ ကျော်၌ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် ၆၀ ကျော်ကို ရှေ့ဆင့် နောက်ဆင့် ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

   Webradio