• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မိုဘိုင်း ကုမ္ပဏီ မြန်မာ၊ နီပေါနှင့် ကေဘယ်လ်လိုင်း တည်ဆောက်ရေးကို အားဖြည့်

(GMT+08:00) 2017-05-09 09:48:22

တရုတ် မိုဘိုင်း ကုမ္ပဏီသည် တရုတ်နိုင်ငံတော်ကောင်စီရုံး၏ သတင်းစာ ရှင်းလင်းပွဲ၌ Belt and Road လက်တွဲ တည်ဆောင်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းပြောကြားရာမှာ၊ မိုဘိုင်းကုမ္ပဏီသည် မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ ဂီလ်ဂစ္စတန် စသည့်နိုင်ငံများနှင့် နိုင်ငံဖြတ်ကျော် ကေဘယ်လ်လိုင်း တည်ဆောက်ရေးကို တက်ကြွစွာ တွန်းအားပေးမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် မိုဘိုင်း ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ရှမ့်ပင်းက၊ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး နယ်ပယ်တွင် တရုတ် မိုဘိုင်း ကုမ္ပဏီသည် အရှေ့မြောက်အာရှ၊ အလယ် အာရှ၊ တောင်အာရှနှင့် အရှေ့တောင်အာရှ၌ နိုင်ငံဖြတ်ကျော် ကုန်းတွင်း အလင်းဖန်မြှင် ကေဘယ်လ်လိုင်း ၈ လိုင်းကို တည်ဆောက်ပြီ ဖြစ်ပြီး အာရှ ပစိဖိတ်နှင့် ဥရောပ၌လည်း နိုင်ငံတကာ ပင်လယ်အောက်ကြမ်းခင် ကေဘယ်လ်လိုင်း ၅ လိုင်းကို တည်ဆောက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio