• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စင်ကာပူသည် Belt and Road ကို တွန်းအားပေးလိုဟု သံအမတ်ကြီး ဆို

(GMT+08:00) 2017-05-08 09:53:49

တရုတ်နိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး စတန်လေလိုက၊ စင်ကာပူသည် တရုတ်နိုင်ငံနှင့် Belt and Road လက်တွဲ တည်ဆောက်ရေးကို ကဏ္ဍ မျိုးစုံမှ တွန်းအား ပေးလိုကြောင်း မကြာမီက ပီကင်း၌ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

၎င်းက၊ စင်ကာပူသည် Belt and Road တလျှောက်က အရေးကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း၊ Belt and Road ကို စင်ကာပူ-တရုတ် ပူးတွဲ ကော်မတီ ဆွေးနွေးရန် အစီအစဉ် အဖြစ် သတ်မှတ်ထားပြီ ဖြစ်ပြီး နှစ်ဖက်တို့သည် ယင်းနှင့် ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio