• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ကမ်းလှမ်းချက်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အတွက် ပလက်ဖေါင်း ဖန်တီးပေး

(GMT+08:00) 2017-05-08 09:13:34

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ယခုလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပီကင်း၌ ကျင်းပမည် ဖြစ်ပြီး ဗီယက်နမ် နိုင်ငံတော် ဥက္ကဋ္ဌ အပါအဝင် နိုင်ငံ ၂၈ နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်မည်ဟု အတည်ပြုပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဗီယက်နမ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး Belt and Road သုတေသန ပညာရှင် ပြုံသီဟွေက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော Belt and Road ကမ်းလှမ်းချက်သည် ကမ္ဘာ့ စီးပွါးရေး တပြေးညီ ဖြစ်စဉ်နှင့် ကိုက်ညီပြီး ကမ္ဘာ့ နိုင်ငံ အသီးသီးတို့၏ ပူးပေါင်း ဆောင်ရွက်မှု အတွက် ပိုမို ကျယ့်ပြန့်သော ပလက်ဖေါင်း တစ်ခုကို ဖန်တီးပေးနေကြောင်း၊  Belt and Road ကမ်းလှမ်းချက်ပါ အတူ တိုင်ပင်ဆွေးနွေးခြင်း၊ အတူ တည်ဆောက်ခြင်းနှင့် အတူ မျှဝေခံစားခြင်း မူသည် နိုင်ငံ အသီးသီးတို့၏ ဖွံ့ဖြိုးရေး မဟာဗျူဟာများနှင့် ကိုက်ညီကြောင်း ပြောကြားပါသည်။

ဗီယက်နမ် ပညာရှင်များက၊ တရုတ်ပြည် တင်ပြသော Belt and Road ကမ်းလှမ်းချက်သည် ဗီယက်နမ် တင်ပြသော စင်္ကြံ နှစ်ခု၊ ဇုန် တစ်ခု စီမံကိန်းနှင့် နီးစပ် ဖွယ်ရာ များပြားကြောင်း၊ ၂၀၀၄ ခုနှစ်က ဗီယက်နမ် ဝန်ကြီးချုပ်သည် စင်္ကြံ နှစ်ခု၊ ဇုန် တစ်ခုကို လက်တွဲ တည်ဆောက်ရန် အဆိုပြုချက်ကို တင်ပြခဲ့ကြောင်း၊ စင်္ကြံ နှစ်ခု၊ ဇုန် တစ်ခု စီမံကိန်းတွင် တရုတ်နှင့် ဗီယက်နမ် ပင်လယ်ကမ်းရိုးတန်း ဒေသ ၁၀ ခု ပါဝင်ကြောင်း၊ ဗီယက်နမ်နှင့် တရုတ် ခေါင်းဆောင်တို့သည် စင်္ကြံ နှစ်ခု၊ ဇုန် တစ်ခု စီမံကိန်းနှင့် Belt and Road ကမ်းလှမ်းချက် ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio