• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

OBORစီမံချက်သည် တရုတ်နိုင်ငံတွင်သာမက နိုင်ငံအားလုံးအတွက်ပါ အကျိုး ရှိနိုင်ဟု မြန်မာသံအမတ်ကြီးပြောကြား

(GMT+08:00) 2017-05-04 12:32:31

One Belt and One road ရပ်ဝန်းတစ်ခု လမ်းမတစ်ကြောင်း စီးပွားရေး ပိုးလမ်း မကြီးဆိုင်ရာ ပထမဆုံးအကြိမ် OBOR ထိပ်သီးဖိုရမ်ကြီးကို ပီကင်းမြို့၌ မေလ(၁၄)ရက် နေ့မှ (၁၅)ရက်နေ့အထိ ကျင်းပသွားဖြစ်ကြောင်း သိရပါသည်။

        အဆိုပါ One Belt and One Road  စီမံချက်ကို ၂၀၁၃ခုနှစ်က တရုတ် နိုင်ငံတော် ဥက္ကဌ ရှီကျင့်ဖိန်က အရှေ့တောင်အာရှနိုင်ငံတွေကို ချစ်ကြည်ရေးခရီး လှည့်ပတ်လေ့လာရင်းနှင့် ကမ္ဘာကို မိတ်ဆက်တင်ပြခဲ့ခြင်းဖြစ်ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အဆိုပါ One Belt and One Road  စီမံချက်ကနေ နိုင်ငံရဲ့ နှစ်တစ်ရာပြည့် အိပ်ဖက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ နိုင်ငံရဲ့ နှစ်တစ်ရာပြည့် တဲ့အချိန်တွင် နိုင်ငံတွင်းရှိပြည်သူများအားလုံး အလယ်အလတ်အဆင့် အထက်မှာရှိသည့် ၀င်ငွေရရှိ ရမည်ဆိုသည့် ရည်မှန်းချက်ကို ဦးတည်လုပ်ဆောင်နေပါသည်။  ဒီနှစ်တစ်ရာ အိပ်မက်ကို ငြိမ်းချမ်းစွာ ပုံဖော်ဆောင်ရွက်ရာတွင် တစ်ကမ္ဘာလုံးရဲ့ ပါဝင်ဆောင်ရွက်မှု များစွာလိုအပ်မည်လည်းဖြစ်ပါသည်။

      "အဆိုပါ စီမံချက်ဟာ တရုတ်နိုင်ငံအတွက် များစွာအရေးပါပြီးတော့ တစ်ကမ္ဘာ လုံးအတွက်လည်း အကျိုးရှိမည့်စီမံချက်ဖြစ်သည်ဟု ယူဆကြောင်း၊ အဆိုပါ စီမံချက်ကနေ တစ်ဆင့် ရပ်ဝန်းတစ်ခု လမ်းကြောင်း တစ်ကြောင်း တစ်လျောက်မှာရှိသည့်  နိုင်ငံအားလုံး ကို စီးပွာရေးဖွံ့ဖြိုး တိုးတက်ဖို့ အများကြီးအထောက်အကူပြုမည်ဟု ယူဆကြောင်း" တရုတ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက ပြောပါသည်။

       တရုတ်နိုင်ငံအနေနဲ့ အဆိုပါ စီမံချက်ကို ဆောင်ရွက်ရာတွင် စီးပွားရေး မိတ်ဖက် နိုင်ငံရေးတွေရဲ့ ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတွေကို ထူထောင်ခဲ့သလို Asian Infrastructure Investment Bank ဆိုလည်း အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဘဏ္ဍာရေးလိုအပ်ချက်အတွက် ချေးငွေ များ ထုတ်ချေးပေးလျက်ရှိပါသည်။ နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ အခြေခံ အဆာက်အဦဖွံ့ဖြိုးမှုက အဓိကကျသည့်အတွက် အဆိုပါ လုပ်ငန်းတွေအတွက် ဒီဘဏ်ကို ရည်ရွယ်တည်ထောင်ထားတာဖြစ်ကြောင်းသိရပါသည်။ "အဆိုပါဘဏ် တွင်လည်း နိုင်ငံ ပေါင်း (၇၀)ကျော် လောက်ပါဝင် နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း အဆိုပါ ဘဏ်တွင် အဖွဲ့ဝင် အဖြစ် ပါဝင်နေကြောင်း၊ One Belt and One Road  စီမံချက်နှင့်အတူ ပေါ်ပေါက်လာတတဲ့ AIIB အကူအညီတွေနှင့် မြန်မာနိုင်ငံရဲ့ပြုပြင် ပြောင်းလဲမှုတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ၊ အခြေခံအဆောက်အဦဖြစ်သည့် လျှပ်စစ်လုပ်ငန်း၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း၊ ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစသည့် လုပ်ငန်းများတွင် အဆိုပါ AIIB ဘဏ်မှ အကူအညီများကို ရယူပြီး တတ်နိုင်သလောက် ဆောင်ရွက်မည်ဆိုသည့် ကတိက၀တ်သဘောများလည်း ဖြစ်ကြောင်း ၊ အဲဒီအတွက် ကြောင့် One Belt and One Road ဟာ တရုတ်နိုင်ငံတစ်ခုတည်း အကျိုးရှိ မည်မဟုတ်ဘဲ ကျန်သည့် မိတ်ဖက်နိုင်ငံတွေအားလုံးအတွက်ပါ အကျိုးရှိနိုင်မည်ဟု ယုံကြည်ကြောင်း" မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက ပြောပါတယ်။

        ဆက်ပြီး မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းက  "အာဆီယံနိုင်ငံ အားလုံးဟာ One Belt and One Road  စီမံချက်ကို ထောက်ခံထား ကြကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လည်း AIIBအကူအညီနှင့် ရရှိထားသည့် အချို့စီမံကိန်းတွေဟာ စတင်ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံဟာ ဒီOne Belt and One Road  စီမံချက်တွင် ပါဝင် ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံမှာလိုအပ်နေသည့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းရရှိမှုနှင့် နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိခံစား လာနိုင်မှာဖြစ် ကြောင်း" ပြောပါသည်။

        ယခုကျင်းပမည့် OBOR ထိပ်သီးဖိုရမ်ကြီးသို့ နိုင်ငံတကာမှ နိုင်ငံ့အကြီးအကဲ (၂၀)ဦးနီးပါးနှင့် ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာကဏ္ဍအလိုက် ကိုယ်စားလှယ် (၁၂၀၀)ခန့် တက်ရောက်ကြမှာဖြစ်တယ်လို့ သိရပါသည်။

   Webradio