• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေါ်အောင်ဆန်းစုကြည် ဥရောပ သမဂ္ဂ ရုံးဌာနချုပ် ခရီးလှည့်လည်

(GMT+08:00) 2017-05-03 14:52:58

ဥရောပ သမဂ္ဂ နိုင်ငံခြားရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Federica Mogheriniသည် မေလ ၂ရက်နေ့က အလည်အပတ်ရောက်ရှိနေသော မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းတွေ့ဆုံဆွေးနွေးပွဲ အပြီး Mogheriniက ဥရောပ သမဂ္ဂ အနေနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်စဉ် အကောင်အထည်ဖော်ရေးကို ဆက်လက်အားပေးထောက်ခံပြီး  မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်ကို တွန်းအားပေးမည် ဖြစ်ကြောင်း၊ သို့သော် နှစ်ဖက်တို့သည် ဘင်္ဂါလီ ပြဿနာ အပေါ် သဘောကွဲလွဲမှု ရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ၄င်း၏ ပထမဆုံးအကြိမ် ဥရောပ ခရီးစဉ်ကို မေလ ၁ရက်နေ့က စတင်လှည့်လည်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံဆွေးနွေးပြီး Mogheriniက ဥရောပ သမဂ္ဂသည် နိုင်ငံရေးနှင့် စီးပွားရေး နည်းလမ်း မှန်သမျှဖြင့် မြန်မာ နိုင်ငံကို ဆက်လက် အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားသည်။

ဥရောပ သမဂ္ဂမှ ထုတ်ပြန်သော စာရင်းအရ ၁၉၉၄ခုနှစ်နောက်ပိုင်းတွင် ဥရောပ သမဂ္ဂသည် မြန်မာ နိုင်ငံအား ယူရိုငွေ ၂၂၉သန်းဖိုး ရှိသော လူသားချင်း စာနာထောက် ထားမှုများကို ပေးအပ်ခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၁၃ခုနှစ်က ဥရောပ သမဂ္ဂသည် မြန်မာ နိုင်ငံ အပေါ် ကျင့်သုံးခဲ့သော ကုန်သွယ်ရေး၊ စီးပွားရေး အရေးယူမှုများနှင့် မြန်မာ အစိုးရ အရာရှိများ အပေါ် ကျင့်သုံးခဲ့သော အရေးယူမှုများကို ဖျက်သိမ်းခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်က နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ ယူရိုငွေ ၁့၅၅ဘီလီယံ ရှိကြောင်း သိရသည်။

   Webradio