• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Roadတွင် မပါဝင်လျှင် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ရမည်ဟု မြန်မာ မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ အကယ်ဒမီဌာန အတွင်းရေးမှူးချုပ်ဆို

(GMT+08:00) 2017-05-03 14:51:19

Belt and Roadနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်ကို ယခုလ ၁၄ရက်နေ့မှ ၁၅ရက်နေ့အထိ ပီကင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်မည်။ မြန်မာ မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ အကယ်ဒမီဌာန အတွင်းရေးမှူးချုပ် ဦးခင်မောင်လင်းက ဆင်ဟွာ သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် Belt and Roadသည် ကြီးမြတ်သော အဆိုပြုချက် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှသာ အကျိုးစီးပွား ရရှိမည် ဖြစ်ကြောင်း၊ Belt and Roadတွင် မပါဝင်လျှင် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

ဦးခင်မောင်လင်းသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန လက်အောက်က မန်မာ မဟာဗျူဟာနှင့် နိုင်ငံတကာ ရေးရာ အကယ်ဒမီဌာန ပူးတွဲ အတွင်းရေးမှူးချုပ်ဖြစ်ပြီး ၄င်းအကယ်ဒမီဌာနမှ Belt and Roadအဆိုပြုချက်ကို လေ့လာသူ ပညာရှင် တစ်ဦးလည်း ဖြစ်ကြောင်း၊ ၄င်းသည် ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ လာရောက်ပြီး Belt and Road နှီးနှောဖလှယ်ပွဲသို့ အကြိမ်ပေါင်းများစွာ တက်ရောက်ခဲ့ဖူးကြောင်း၊ ယခုလ ပီကင်းတွင် ကျင်းပမည့် Belt and Roadနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်သို့လည်း ဦးခင်မောင်လင်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင်၊ ဦးခင်မောင်လင်းက မြန်မာ နိုင်ငံသည် Belt and Roadတစ်လျှောက်က နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း၊ Belt and Roadတွင် ပါဝင်မည်ဆိုလျှင် မြန်မာနိုင်ငံသည် နိုင်ငံ အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး မြန်မာ နိုင်ငံ၏ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အတွက် ဖွံ့ဖြိုးရေး အခွင့်ကောင်းများ ရရှိမည် ဖြစ်ကြောင်း၊ Belt and Road၏ အကြီးဆုံး ရှင်သန်မှုမှာ နိုင်ငံများ၏ လေးနက်သော ပါဝင်ဆောင်ရွက်မှုနှင့် အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အပြည့်အဝ ပြုလုပ်ခြင်း အပေါ်တွင် မူတည်ကြောင်း၊ မြန်မာ အစိုးရသည် Belt and Roadအဆိုပြုချက်ကို အားပေးထောက်ခံကြောင်း၊ ပူးပေါင်းဆောင်ရွက်မှသာ အကျိုးစီးပွား ရရှိမည် ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးတွင် မပါဝင်လျှင် ဆုံးရှုံးနစ်နာမှု ဖြစ်ပေါ်ရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio