• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေသတွင်း တပြေးညီဖြစ်စေရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံ ထိပ်သီး အစည်းအဝေး အာရုံစိုက်

(GMT+08:00) 2017-05-02 15:28:59

၃၀ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးကို ဧပြီလ ၂၉ရက်နေ့က ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပပြီးဆုံးခဲ့ကြောင်း၊ ယင်းသည် အာဆီယံ တည်ထောင် ခဲ့သည့် နှစ်ပေါင်း၅၀ အတွင်း အာဆီယံ ၁၀နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များ၏ ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

အစည်းအဝေး တက်ရောက်သူများက လွန်ခဲ့သည့် နှစ်ပေါင်း ၅၀အတွင်း အာဆီယံ အနေနှင့် ရရှိခဲ့သော အောင်မြင်မှုများကို များစွာ ချီးကျူးပြီး အာဆီယံပြည်သူများ အသိအမှတ်ပြုကြပြီး ပွင့်လင်းမှု၊ သက်ညှာထောက်ထားမှု၊ ပျော့ပျောင်းမှု၊ အေးချမ်းတည် ငြိမ်မှုနှင့် စည်ပင်သာယာမှု ရှိသော ဒေသတွင်း အဖွဲ့ကို ဖန်တီးရန် အတွက် ဆက်လက် အားထုတ် ကြိုးပမ်းမည်ဟု ကတိပြုကြကြောင်း ဖော်ပြသည်။

ယခုအကြိမ် ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ်မှာ "ပြုပြင်ပြောင်းလဲရေးကို စွဲကိုင်ရန်နှင့် ကမ္ဘာတွင် ရောနှောပေါင်းစပ်အောင် ဆောင်ရွက်ရန်" ဖြစ်ကြောင်း၊ အစည်းအဝေးတွင် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး၊ ပင်လယ်ပြင် လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် သမရိုးကျ ခေါင်းစဉ်များကို ဆွေးနွေးသည့် အပြင်၊ သက်ညှာထောက်ထားမှု ရှိသော ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် ဒေသတွင်း ညီမျှစွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မတူခြားနားသည့် အသင်းအဖွဲ့များ အကြား ကွာဟမှု ကျဉ်းမြောင်းအောင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည့် ခေါင်းစဉ်များ ကိုလည်း အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ တက်ရောက်ကြသော ထိပ်သီးခေါင်းဆောင်များက အာဆီယံ တပြေးညီ ဖြစ်စေရေးကို ဆက်လက် တွန်းအားပေးသင့်ကြောင်း ယူဆကြသည်။

   Webradio