• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရမ့်နှင့် ဘရာယွတ် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00) 2017-05-02 15:24:57

ထိုင်းနိုင်ငံသည် အမေရိကန်နှင့် နွေးထွေးသော ဆက်ဆံမှု ထားရှိပြီး သင့်လျော်သော အချိန်တွင် အမေရိကန် နိုင်ငံ၌ ထိုင်းဝန်ကြီးချုပ် ဘရာယွတ် ခရီးလှည့်လည်ရန် တွန်းအားပေး မည်ဖြစ်ကြောင်း မေလ ၁ရက်နေ့က ထိုင်းဝန်ကြီးချုပ်ရုံးမှ ဒုပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ဧပြီလ ၃၀ရက်နေ့ညက ချိန်းထားသည့် အတိုင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဘရာယွတ်သည် အမေရိကန် သမ္မတ ထရမ့်နှင့် ၅မိနစ်ကြာ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ကိုးရီးယား ကျွန်းဆွယ် ပြဿနာ အပါအဝင် အာရှဒေသ လုံခြုံရေး အခြေအနေ အပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြောင်း၊ သမ္မတ ထရမ့်သည် ဝန်ကြီးချုပ် ဘရာယွတ်အား အမေရိကန်သို့ ခရီးလှည့်လည်ရန် ဖိတ်ကြားခဲ့ကြောင်း ဖော်ပြသည်ဟု သိရသည်။

   Webradio