ကမ္ဘာ့ဘဏ်နှင့် အာရှအခြေခံအဆောက်အဦရင်းနှီးမြှုပ်နှံရေးဘဏ်တို့သည် နှစ်ဖက်အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ယမန်နေ့ ၂၃ ရက်နေ့က ဝါရှင်တန်မြို့၌ နားလည်မှုအမှာစာတမ်းတစ်ရပ်ချုပ်ဆိုခဲ့သည်ဟုဆင်ဟွာသတင်းအရသိရ သည်။
ယင်းနားလည်မှုအမှာစာတမ်းသည် နှစ်ဖက် ငွေကြေးစုဆောင်းရေး၊ ဝန်ထမ်းကူးလူးဖလှယ်ရေး စသည့် နှစ်ဘက် အတူတူ ဂရုစိုက်ကြသော နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်ကို ဖန်တီးပေးမည်ဖြစ်ပြီး နှစ်ဖက် ဒေသအဆင့်နှင့် နိုင်ငံတော်အဆင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ချပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ထိုနေ့က ကြေညာချက်တစ်ရပ်တွင် ရေးသားဖေါ်ပြထားသည်။