• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး တရုတ်-အာဆီယံ အတူတည်ဆောက်ရေး" ပူးတွဲ သတင်းရယူရေး အဖွဲ့ တရုတ်ပြည် ဟူနန်ပြည်နယ်တွင် ခရီးလှည့်လည်

(GMT+08:00) 2017-04-24 14:33:33

အာဆီယံ ၁၀နိုင်ငံမှ သတင်းထောက် ၂၀သည် ယခုလ ၂၁ရက်နေ့က နေ့လယ်ပိုင်းက တရုတ်ပြည် ဟူနန်ပြည်နယ် ခရီးစဉ်ကို ပြီးဆုံးပြီ ဖြစ်၍ ကျန်းရှီးပြည်နယ်သို့ ထွက်ခွါ ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် "၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး တရုတ်-အာဆီယံ အတူတည်ဆောက် ရေး" ပူးတွဲ သတင်းရယူရေး လှုပ်ရှားမှုကို တရုတ် နိုင်ငံတော် ကောင်စီ သတင်း ပြန်ကြားရေးရုံးနှင့် တရုတ်-အာဆီယံ စင်တာတို့ ပူးတွဲ စည်းရုံးကျင်းပပြီး ယခုလ ၁၇ရက်နေ့က စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှု၏ ဆောင်ပုဒ် မှာ "အလယ်ပိုင်းဒေသ၏ လုပ်ငန်းဖွဲ့စည်းပုံ ထိန်းညှိရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင် ရွက်ရေး" ဖြစ်ကြောင်း၊ ဘရူနိုင်းနိုင်ငံ " Borneo Bulletin"၊ စင်ကာပူ " Zaobao"၊ အင်ဒိုနီးရှား နိုင်ငံ " Bisnis Indonesia"၊ မြန်မာ နိုင်ငံ ကြေးမုံ သတင်းစာ၊ မလေးရှား သတင်းဌာန၊ လာအို အမျိုးသား ရုပ်မြင်သံကြားဌာန၊ ဖိလစ်ပိုင် အမျိုးသား ရုပ်မြင်သံကြား ဌာန အပါအဝင် အာဆီယံ ၁၀နိုင်ငံက အဓိက မီဒီယာ ၂၀မှ သတင်းထောက် ၂၀သည် ယခုအကြိမ် ပူးတွဲသတင်းရယူရေး လှုပ်ရှားမှုတွင် ပါဝင်ကြကြောင်း သိရသည်။

ဟူနန်ပြည်နယ်တွင် ၅ရက်ကြာ သတင်းရယူရေး လှုပ်ရှားမှု၌ သတင်းထောက်များ သည် ချန်ရှားမြို့၊ ကျူးကျိုးမြို့နှင့် ရှမ်းထန်မြို့တွင် ခရီလှည့်လည်ပြီး ဒေသခံ အစိုးရ အရာရှိနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ခံများနှင့် နှီးနှောဖလှယ်ခဲ့ကြကြောင်း၊ ထို့အပြင်၊ ၄င်းတို့သည် Hunan Satellite TV၊ SANY ကော်ပိုရေရှင်းအုပ်စု၊ ဟူနန်Leopaard မော်တော်ယာဉ် ကော်ပိုရေးရှင်း အပါအဝင် ကော်ပိုရေးရှင်း ၁၃ခုတွင် သတင်းရယူခဲ့ ကြကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ DETIKCOM ဝက်ဘဆိုက်မှ အဆင့်မြင့် အယ်ဒီတာ Hany Koesumawardaniက ယခုအကြိမ် သတင်းရယူရေး လှုပ်ရှားမှု ပါဝင်ခြင်းဖြင့် မိမိသည် မတူခြားနားသည့် တရုတ်ပြည်ကို သိရှိနားလည်ကြောင်း ပြောကြားသည်။

   Webradio