• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် Belt and Road တလျှောက်က နိုင်ငံများ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ စာချုပ် ချုပ်ဆို

(GMT+08:00) 2017-04-21 14:12:15

တရုတ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချွင်ကင်က ယခုလ ၂၀ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ပြည်သည် Belt and Road တလျှောက်က နိုင်ငံများနှင့် လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာ သဘောတူ စာချုပ် ၁၃၀ကျော်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်ဟု ထုတ်ဖော်ပြောကြားကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဝူချွင်ကင်က ယင်းသဘောတူ စာချုပ်များတွင် မီးရထား၊ ကားလမ်း၊ ပင်လယ် ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ လေကြောင်းနှင့် စာတိုက်ရေးရာ ဆိုင်ရာ နှစ်ဖက် သဘောတူ စာချုပ်နှင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေး သဘောတူ စာချုပ်များ ပါဝင်ကြောင်း ပြောကြားသည်။

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ယခုနှစ် မေလ ၁၄ရက်နေ့မှ ၁၅ရက်နေ့အထိ ပီကင်းတွင် ကျင်းပမည်။ ယခုလ ၂၀ရက်နေ့က တရုတ်ပြည် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနက ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဝူချွင်ကင်က ပြီးခဲ့သည့် ၃နှစ်က Belt and Roadအဆိုပြုချက် တင်ပြခဲ့သည့် နောက်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး နယ်ပယ်၌ တိုးတက်မှုများ ရရှိခဲ့ကြောင်း ပြောကြားသည်။

၎င်းက တရုတ်ပြည်သည် Belt and Road တလျှောက်က နိုင်ငံများနှင့် "ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများ အစိုးရချင်း နိုင်ငံတကာ ကားလမ်း သယ်ယူ ပို့ဆောင်မှု အဆင်ပြေစေရေး သဘောတူစာချုပ်"နှင့် "တရုတ်-အာဆီယံ ပင်လယ်ရေ ကြောင်းသယ်ယူပို့ဆောင်ရေး သဘောတူစာချုပ်" အပါအဝင် စာချုပ်ပေါင်း ၁၃၀ကျော်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြကြောင်း ပြောကြားသည်။

   Webradio