• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျေချီက မလေးရှား နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-04-21 10:30:42

တရုတ်နိုင်ငံတော်ကောင်စီဝင် ယန်ကျေချီသည် ယမန်နေ့ ၂၀ရက်နေ့က ပီကင်းမြို့တွင် အလည်အပတ်ရောက်ရှိနေသော မလေးရှား နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး အထူးရေးရာဝန်ကြီး ဟီရှမ်မူဒင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ယန်ကျေချီက လက်ရှိ တရုတ်-မလေးရှား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းမွန်ကြောင်း၊ နှစ်နိုင်ငံ အဆင့်မြင့်အရာရှိများ ကြိမ်ဖန်များစွာ ကူးလူးဖလှယ်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် နက်ရှိုင်းစေကြောင်း၊ One Belt and Road ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်မူဘောင်အတွင်း တရုတ်ဖက်သည် နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတို့ကို ညီညွတ်အောင် အားဖြည့်ပြုလုပ်လို ကြောင်း၊ ပြောကြားပါသည်။

ဟီရှမ်မူဒင်က မလေးရှားနိုင်ငံသည် တရုတ်နှင့် ဆက်ဆံရေးကို များစွာအလေးထား ကြောင်း၊ One Belt and Road အဆိုပြုချက်ကို တက်ကြွစွာ ထောက်ခံကြောင်း၊ တရုတ် နိုင်ငံနှင့် များစွာ ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးဆက်ဆံမှုကို အဆက်မပြတ် နက်ရှိုင်းစေလိုကြောင်း၊ ပြောကြားပါသည်။

   Webradio