• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တတိယကြိမ်မြောက်တရုတ်-အာဆီယံ၂၁ရာစုပင်လယ်ပိုးလမ်းမကြီးပူးတွဲသတင်းကောက်ယူခြင်းလှုပ်ရှားမှုစတင်

(GMT+08:00) 2017-04-19 11:08:11

တတိယကြိမ်မြောက်တရုတ်-အာဆီယံ၂၁ရာစုပင်လယ်ပိုးလမ်းမကြီး ပူးတွဲသတင်းကောက်ယူခြင်းလှုပ်ရှားမှုကို ယခုလ၁၈ရက်နေ့က တရုတ်ပြည် ဟူနန်ပြည်နယ် ချမ်ရှားမြို့၌ စတင်ဆောင်ရွက်ခဲ့ကြောင်း တရုတ်-အာဆီယံစင်တာမှ သတင်းအရသိရပါသည်။

၂၀၁၇ခုနှစ်သည် အာဆီယံအဖွဲ့တည်ထောင်ခဲ့သည့် အနှစ်၅၀ပြည့် နှင့် တရုတ်-အာဆီယံခရီးသွားပူးပေါင်းဆောင်ရွက်မှုနှစ်ဖြစ်ကြောင်း၊ ယခုအကြိမ်သတင်းကောက်ယူခြင်းလှုပ်ရှားမှုသည် တရုတ်-အာဆီယံစင်တာနှင့် တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးတို့မှ ပူးတွဲဦးစီးကျင်းပခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်၁၀နိုင်ငံမှ မီဒီယာ၁၇ခုမှ သတင်းထောက်၂၀ဦးကို ဖိတ်ခေါ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio