• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့် သုံးနှစ်အတွင်း Belt and Road နိုင်ငံတကာ သဘောတူညီမှု များစွာ ရရှိ

(GMT+08:00) 2017-04-17 10:01:48

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို လာမည့်လတွင် ကျင်းပမည်။ လက်ရှိအချိန်တွင် အာရှ၊ ဥရောပ၊ အာဖရိကနှင့် လက်တင်အမေရိကမှ နိုင်ငံတော် ခေါင်းဆောင် ၂၀ ဦးခန့် အစည်းအဝေး တက်ရောက်မည်ဟု အတည်ပြုလိုက်ပြီ။

၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကာဇက်စတန်နှင့် အင်ဒိုနီးရှား နိုင်ငံသို့ ခရီးလှည့်လည်ခဲ့စဉ်အတွင်း Belt and Road လက်တွဲ ထူထောင်ရန် ကမ်းလှမ်းချက်ကို ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာကြီးအား တင်ပြခဲ့ပါသည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ကမ္ဘာ့နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၁၀၀ ကျော်တို့သည် Belt and Road ထူထောင်ရေးတွင် ပါဝင်ဆင်နွှဲလာခဲ့ကြသည်။ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၄၀ ကျော်တို့သည် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်ကို ချုပ်ဆိုပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုများကို ကျယ်ကျယ်ပြန့်ပြန့် ရရှိလာခဲ့ပါသည်။

မြန်မာ သမ္မတ ဦးထင်ကျော်က မကြာမီက တရုတ်ပြည်၌ တရားဝင် ခရီးလှည့်လည်ရာတွင် မြန်မာနိုင်ငံသည် Belt and Road ထူထောင်ရေးကို ထောက်ခံပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

   Webradio