• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ကို ကုလ ထောက်ခံ

(GMT+08:00) 2017-04-17 10:00:36

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဖိုရမ်ကို လာမည့်လတွင် ပီကင်း၌ ကျင်းပမည် ဖြစ်ကြောင်း၊ မကြာမီက ကုလသမဂ္ဂ Belt and Road အဆင့်မြင့် နှီးနှောဖလှယ်ပွဲကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်ရုံး၌ ကျင်းပခဲ့ကြောင်း၊ Belt and Road ကမ်းလှမ်းချက်သည် နိုင်ငံတကာ မိသားစုကြီး၏ နားလည်မှုနှင့် တက်ကြွစွာ တုံ့ပြန်မှုကို ရရှိသည့်အပြင် ကုလသမဂ္ဂ၏ ထောက်ခံမှုကိုလည်း ရရှိပါကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ကျွမ်းကျင်ပညာရှင်များက၊ Belt and Road တလျှောက်မှ နိုင်ငံနှင့်ဒေသများရှိ လူဦးရေမှာ ကမ္ဘာ့ စုစုပေါင်း လူဦးရေ၏ ၆၀ ရာခိုင်နှုန်း ကျော် ရှိပြီး ဂျီဒီပီနှင့် ကုန်သွယ်မှု ပမာဏသည်လည်း ကမ္ဘာ့ ဂျီဒီပီနှင့် ကုန်သွယ်မှု စုစုပေါင်းပမာဏ၏ ၃ ပုံ ၁ ပုံကျော် ရှိကြောင်း၊ တရုတ်ပြည်၏ Belt and Road ကမ်းလှမ်းချက်သည် ကုလသမဂ္ဂ တင်ပြသော ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်နှင့် ဆက်နွှယ်နိုင်မည့်အပြင် ယင်း အစီအစဉ် အတွက် ကြီးမားသော တွန်းအားလည်း ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

ကုလသမဂ္ဂ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် မွန်တယ်က၊ Belt and Road ကမ်းလှမ်းချက်သည် နိုင်ငံတကာ အကျိုးတူ စည်ပင်သာယာရေး အတွေးအခေါ်၌ မူတည်ပြီး အာရှ၊ ဥရောပ၊ အာဖရိကနှင့် အခြား ဒေသများ၏ ငြိမ်းချမ်းရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးရေးကို တွန်းအားပေးနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ ဖွံြ့ဖိုးရေးနှင့် စီမံကိန်းအဖွဲ့ ဥက္ကဋ္ဌ ကလပ်ဂ်က၊ ကုလသမဂ္ဂ ဖွံြ့ဖိုးရေးနှင့် စီမံကိန်းအဖွဲ့သည် Belt and Road ကမ်းလှမ်းချက်ပါ လူသားဖွံ့ဖြိုးရေးအတွက် အကျိုးပြု စွမ်းဆောင်လိုကြောင်း ပြောကြားပါသည်။

   Webradio