• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

One Belt and Road အဆိုပြုချက်သည် ကမ္ဘာ့ အတွက် ဖွံ့ဖြိုးရေး ပုံစံသစ် ဖန်တီးပေးဟု တရုတ်ပညာရှင်ဆို

(GMT+08:00) 2017-04-14 11:07:31

One Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်ကို လာမည့် မေလ ၁၄ရက်နေ့မှ ၁၅ရက်နေ့အထိ ပီကင်းတွင် ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအထိ နိုင်ငံခြားခေါင်းဆောင် ၂၀ကျော်၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ် ၅၀ကျော်၊ ဝန်ကြီးအဆင့် အရာရှိ ၁၀၀ကျော်နှင့် နိုင်ငံနှင့် ဒေသ အသီးသီးမှ ကိုယ်စားလှယ် ၁၂၀၀ကျော်သည် ယခုအကြိမ် ထိပ်သီး ဖိုရမ်သို့ တက်ရောက်မည်ဟု အတည်ပြုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ် လူမှုရေး သိပ္ပံပညာ အကယ်ဒမီ အသင်း နိုင်ငံတကာရေးရာ သုတေသန ဌာနမှူး၊ တရုတ်အာရှနှင့် ပစိဖိတ်ရေးရာ ပညာတံခွန်အသင်း ဥက္ကဋ္ဌ ကျန်းယွင်လင်က ယခုအကြိမ် ဖိုရမ်၏ အဓိက ရည်ရွယ်ချက်မှာ သဘောတူညီမှု စုစည်းရန် ဖြစ်ကြောင်း၊ ထို့အပြင်၊ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဒေသဖြတ်ကျော် လုပ်ငန်းကြီးအချို့နှင့် ပတ်သက်၍ သဘော တူညီမှု ရရှိရန် ဖြစ်ကြောင်း ယူဆသည်ဟု ပြောကြားသည်။

၂၀၀၈ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတကာ ငွေကြေး အကျပ်အတည်း၏ ဂယက် ရိုက်ခတ်မှုကြောင့် ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အားနည်းသည်။ ကျန်းယွင်လင်က ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ပိုမို ညီမျှအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

One Belt and Roadအဆိုပြုချက်သည် ဖွံ့ဖြိုးမှု မညီမျှခြင်းကို ပြုပြင်ရေး အတွက် အထောက်အကူ ဖြစ်ကြောင်း ပြောကြားသည်။

    One Belt and Road အဆိုပြုချက် တွန်းအားပေးရေးတွင် ကြုံတွေ့ရမည့် လုံခြုံရေး၊ နိုင်ငံရေး စသည့် နယ်ပယ်များမှ အန္တရာယ်များနှင့် ပတ်သက်၍ ကျန်းယွင်လင်က အန္တရာယ်သည် မလွဲသာမရှောင်သာ ကိစ္စပင် ဖြစ်ကြောင်း၊ အန္တရာယ် ဖြေရှင်းရေး အတွက် နည်းလမ်း၂မျိုး ရှိကြောင်း၊ တစ်မျိုးက အန္တရာယ်များကို အထွေထွေ စီမံခန့်ခွဲရေးတွင် ထည့်သွင်းစဉ်းစားခြင်း ဖြစ်ကြောင်း၊ နောက်တစ်မျိုးကတော့ လုံခြုံရေး ပူးပေါင်းဆောင် ရွက်မှုစနစ် အတူတည်ဆောက်ရေး ဖြစ်ကြောင်း ပြောကြားသည်။

   Webradio