• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်သည် အာဆီယံနှင့် ကုန်ပစ္စည်း အရည်အသွေး တိုင်းတာစစ်ဆေးမှု ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေး

(GMT+08:00) 2017-03-16 10:14:12
တရုတ် နိုင်ငံတော် ကုန်ပစ္စည်းအရည်အသွေး တိုင်းတာစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကြည်ရှုဖိန်က၊ တရုတ်နိုင်ငံသည် အာဆီယံနှင့် ကုန်ပစ္စည်း အရည်အသွေး တိုင်းတာစစ်ဆေးမှု ပူးပေါင်းဆောင်ရွက်ရေးကို တလျှောက်လုံး ဦးစားပေး ဆောင်ရွက်နေကြောင်း ယခုလ ၁၄ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ကြည်ရှုဖိန်က၊ တရုတ်နိုင်ငံသည် အာဆီယံနှင့် ကုန်ပစ္စည်း အရည်အသွေး တိုင်းတာ စစ်ဆေးရေး ဝန်ကြီးအဆင့်အစည်းအဝေး စနစ်ကို တည်ထောင်ပြီ ဖြစ်ပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါသည်။

၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတွင် ၄င်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

   Webradio