• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးကို တိုးဖြည့်မည်ဟု လီခေ့ချန်ဆို

(GMT+08:00) 2017-03-16 10:11:53

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ဝန်ကြီးချုပ် လီခေ့ချန်သည် ပြည်တွင်းပြည်ပ သတင်းထောက်များ၏ မေးမြန်ချက်များကို ဖြေကြားခဲ့သည်။

လီခေ့ချန်က၊ တရုတ်ပြည် စီးပွါးရေးသည် အသင့်အတင့် လျင်မြန်စွာ တိုးတက် နေပြီး ကမ္ဘာ့စီးပွါးရေး တိုးတက်မှုအပေါ် အကျိုးပြုစွမ်းဆောင်နှုန်းမှာ နိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မျက်မှောက်ကာလ၌ ဂလိုဘိုင်လစ်ဇေးရှင် ဖြစ်စဉ် နယ်ပယ်အချို့၌ အခက်အခဲများနှင့် ကြုံတွေ့နေရသော အခြေအနေမျိုးတွင် လီခေ့ချန်သည် ကမ္ဘာ့စီးပွါးရေး ဂလိုဘိုင်စေဇေးရှင် ဖြစ်စဉ်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံရန် သဘောထားရပ်တည်ချက်ကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။ လီခေ့ချန်က၊ လွတ်လပ်စွာ ကုန်သွယ်ရေး အတွက် အကျိုးရှိပါက တရုတ်နိုင်ငံသည် ပါဝင် ဆောင်ရွက် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် တံခါးဖွင့်ရေးလုပ်ငန်းဖြင့် ဂလိုဘိုင်လစ်ဇေးရှင် ဖြစ်စဉ်၌ အခွင့်အလမ်းများကို အသုံးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လီခေ့ချန်က၊ လွန်ခဲ့သည့် ၄ နှစ်အတွင်း တရုတ်ပြည် စီးပွါးရေး လည်ပတ်မှုသည် တရားနည်းလမ်းကျသည့် ဘောင်အတွင်း၌ ရှိပြီး တလျှောက်လုံးဆိုသလို အသင့်အတင့် လျင်မြန်စွာ တိုးတက်လာကြောင်း၊ ယင်း ၄ နှစ်အတွင်း မြို့ပြ အလုပ်အကိုင် နေရာသစ် သန်း ၅၀ ကျော် တိုးလာပါကြောင်း၊ တရုတ်ပြည်အဖို့ ဖွံ့ဖြိုးမှု မရှိခြင်းမှသာ အကြီးဆုံးသော အန္တရာယ်ပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio