• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမ အကြိမ် အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2017-03-15 16:43:25

၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမ အကြိမ် အစည်းအဝေး၏ အစီအစဉ် အရပ်ရပ် ချောမောအောင်မြင်စွာ ပြီးမြောက်ပြီ ဖြစ်ပြီး ယခုလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် အစိုးရလုပ်ငန်း အစီရင်ခံစာ၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာနှင့် တရားမဥပဒေ အထွေထွေနည်းဥပဒေကို အတည်ပြုခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

အစည်းအဝေး သဘာပတိအဖွဲ့ အမြဲတမ်းဥက္ကဋ္ဌ၊ အမှုဆောင် ဥက္ကဋ္ဌ၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတေကျန်းသည် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio