• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆင်းရဲမှု ပပျောက်စေရေးနှင့် ပတ်သက်၍ တရုတ် ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အကြံပြုချက်များ တင်ပြ

(GMT+08:00) 2017-03-15 15:43:37

လက်ရှိအချိန်က တရုတ်ပြည်၌ ဆင်းရဲသူ ဦးရေ သန်း၄၀ကျော်ရှိကြောင်း၊ ၂၀၂၀ပြည့် နှစ်ရောက်လျှင် ၄င်းဆင်းရဲသူ ဦးရေ သန်း၄၀အားလုံးကို ပပျောက်စေရန် တရုတ်ပြည် အနေနှင့် ရည်မှန်းထားကြောင်း၊ ယခုအကြိမ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးတွင် ကျေးလက်ဒေသ၊ အထူးသဖြင့် ဆင်းရဲသော ကျေးလက် ဒေသများမှ လာရောက်သော ကိုယ်စားလှယ်များသည် ဆင်းရဲမှု ပပျောက်စေရေးနှင့် ပတ်သက်၍ အဆိုပြုချက်နှင့် အကြံပြုချက်များကို တင်ပြခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ်ပြည် အနောက်တောင်ပိုင်းတွင် တည်ရှိသော ကွေ့ကျိုးပြည်နယ်၏ ဆင်းရဲသူ ဦးရေသည် တရုတ်ပြည်၌ အများဆုံး ဖြစ်သည်။ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်၊ ကွေ့ကျိုးပြည်နယ် ကွေ့ယန်မြို့ ဝူဒန် ရပ်ကွက် ဝမ်ကန်ရွာမှ ကွန်မြူနစ် ပါတီ ကလာပ်စည်း အတွင်းရေးမှူး ဟွာချွမ်က ဆင်းရဲမှု ပပျောက်စေရေးတွင် စုပေါင်း စီးပွားရေးမှ တွန်းအားပေးရေး အခန်းကဏ္ဍကို အားဖြည့်ဖော်ထုတ်ရန် အဆိုပြုကြောင်း ပြောကြားသည်။

ရှန်ရှီးပြည်နယ် ဟိုယန်ခရိုင် ဟေချီမြို့နယ် ဝူဖုန်း ရပ်ကွက် နန်လျန်ရွာ ကွန်မြူနစ် ပါတီ ကလာပ်စည်း အတွင်းရေးမှူး လေဝင်ဖန်းသည် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။ နန်လျန်ရွာသည် ရှန်ရှီးပြည်နယ် မြောက်ပိုင်းတွင် တည်ရှိသည်။ ၄င်းဒေသ၏ ရှာဖွေတွေ့ရှိသော ကျောက်မီးသွေး သတ္တု ပမာဏမှာ တန်ချိန် ဘီလီယံ ၂၀ကျော် ရှိသည်။ လေဝင်ဖန်းက ဒေသခံ တောင်သူ လယ်သမားများ၏ အလုပ်အကိုင်နေရာ ချထားရေး တွန်းအားပေးရေး အတွက် ကျောက်မီးသေးသုံး လျှပ်စစ်ဓါတ်အားပေး လုပ်ငန်း တည်ဆောက်ရန် အဆိုပြုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂၀၁၆ခုနှစ်က တရုတ်ပြည် အလွှာပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်မှုများဖြင့် တစ်ပြည် လုံးတွင် ဆင်းရဲသူ ဦးရေ ၁၂သန်း ၄သိန်း လျှော့ချခဲ့ကြောင်း၊ ယခုနှစ် အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် ဆင်းရဲသူ ၁၀သန်းကျော် လျှော့ချရန် ရည်မှန်းချက်ကို တင်ပြထားကြောင်း သိရသည်။

   Webradio