• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တရားမဥပဒေ အထွေထွေနည်းဥပဒေကို အတည်ပြု

(GMT+08:00) 2017-03-15 09:45:22

ယခုလ ၁၅ ရက်နေ့တွင် ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်နေသော ကိုယ်စားလှယ်များသည် မဲ အပြတ်အသတ်ဖြင့် တရားမဥပဒေ အထွေထွေနည်းဥပဒေကို အတည်ပြုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ကိုယ်စားလှယ် ၂၈၃၈ ဦးတို့သည် ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပသော ပြည်သူ့ကွန်ဂရက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ ကိုယ်စားလှယ်များသည် ထောက်ခံမဲ ၂၇၈၂ မဲ၊ ကန့်ကွက်မဲ ၃၀၊ ကြားနေမဲ ၂၁ မဲဖြင့် တရားမဥပဒေ အထွေထွေနည်းဥပဒေကို အတည်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio