• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆက်လက် အားဖြည့်မည်

(GMT+08:00) 2017-03-14 09:37:17

တရုတ်ပြည်သူ့ တရားရုံးချုပ်နှင့် ပြည်သူ့ ရှေ့နေရုံးချုပ်၏ လုပ်ငန်းအစီရင်ခံစာကို မကြာမီက ၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမ အကြိမ် အစည်းအဝေးသို့ စိစစ်ရန် တင်သွင်းခဲ့သည်။ ပြည်သူ့တရားရုံးချုပ်နှင့် ရှေ့နေရုံးချုပ်တို့သည် လွန်ခဲ့သည့်နှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အောင်မြင်မှုများကို တင်ပြ သည့် အပြင် ၂၀၁၇ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို ဆက်လက် အားဖြည့် ဆောင်ရွက်မည်ဟုလည်း ဖေါ်ပြထားသည်.

ပြည်သူ့တရားရုံးချုပ်မှ လုပ်ငန်းအစီရင်ခံစာတွင်၊ ၂၀၁၆ ခုနှစ်တွင် အဆင့်ဆင့်သော တရားရုံးများသည် လာဘ်ပေးလာဘ်ယူမှုနှင့် ခြစားမှု ၄ သောင်း ၅ ထောင်ကျော်၊ လူ ၆ သောင်း ၃ ထောင်ကျော်ကို စုံစမ်း စစ်ဆေး ပြီးစီးခဲ့ကြောင်း၊ ယင်းတို့အနက် ပြည်နယ်မှူးနှင့် ဝန်ကြီးအဆင့် ကေဒါခေါင်းဆောင် ၃၅ ဦး ပါဝင်ပြီး ညွှန်ကြားရေးမှူးချုပ် အဆင့် ကေဒါ ခေါင်းဆောင် ၂၄၀ ဦး ပါဝင်ကြောင်း ဖေါ်ပြထားသည်။

ရှေ့နေရုံးချုပ်၏ လုပ်ငန်းအစီရင်ခံစာတွင်၊ နိုင်ငံနှင့်ဒေသ ၃၇ ခုသို့ ထွက်ပြေးသော ပြစ်မှုကျူးလွန်သော တရုတ် အစိုးရ အရာရှိ ၁၆၄ ဦးကို ဖမ်းဆီး၍ တရုတ်ပြည်သို့ ပြန်လည် ပို့ဆောင်ခဲ့ပြီ ဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်။

ပြည်သူ့တရားရုံးချုပ်နှင့် ရှေ့နေရုံးချုပ်၏ လုပ်ငန်းအစီရင်ခံစာတွင်၊ ယခုနှစ်တွင် တရားဥပဒေ တာဝန်ကျစနစ် ပြုပြင်ပြောင်းလဲမှုနှင့် စီရင် ဆုံးဖြတ်ရေးကို အမြုတေ အဖြစ် ထားသည့် ရာဇဝတ်မှု တရား စွဲဆိုရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ဆက်လက် တွန်းအားပေးမည် ဖြစ်ကြောင်း၊ တရားရေး၏ လုပ်ငန်းတွင်ကြွယ်မှုနှင့် သစ္စာရှိမှုကို တိုးမြှင့် သွားမည် ဖြစ်ကြောင်း အလေးအနက် ဖေါ်ပြထားပါသည်။

   Webradio