• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြည်သူ့ ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည် အစည်းအဝေး အပေါ် ဘင်္ဂလားဒေ့ရှ် ပြည်သူများ အာရုံစိုက်

(GMT+08:00) 2017-03-13 15:26:55

၁၂ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပဉ္စမ အကြိမ် အစည်းအဝေးနှင့် ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို ယခု ပီကင်းတွင် ကျင်းပ လျက်ရှိကြောင်း၊ ဘင်္ဂလားဒေ့ရှ်ရှိ စီအာအိုင်၏ သောတရှင်များသည် ၄င်းအစည်းအဝေး ၂ခု အပေါ် အလွန် အာရုံစိုက်နေကြကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်ရှိ စီအာအိုင်၏ သောတရှင်များက ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာသည် မိမိတို၏ စိတ်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ကြောင်း၊ ၄င်းအစည်း အဝေးနှစ်ခုသည် တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြသော အစည်းအဝေးများ ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကြီးအပေါ် ကြီးမားသော သြဇာသက်ရောက်မှု ရှိကြောင်း ဖော်ပြသည်ဟု စီအာအိုင်က ရေးသားဖော်ပြသည်။

ဥပမာပြောရလျှင် သောတရှင် တစ်ဦးဖြစ်သည့် Syed Rezaul Karim Belaက ဝန်ကြီးချုပ် လီခေ့ချန်၏ အစိုးရ လုပ်ငန်း အစီရင်ခံစာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး စသည့် နယ်ပယ်များကို ထည့်သွင်းရေးသားဖော်ပြထားကြောင်း၊ စိန်ခေါ်မှု ရင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြနေ ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်ပြည် အနေနှင့် စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံခြားရေး စသည့် နယ်ပယ်များမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ သို့သော် ဝန်ကြီးချုပ် လီခေ့ချန်၏ ၄င်းအစိုးရ လုပ်ငန်း အစီရင်ခံစာတွင် အခက်အခဲများ ကျော်လွှားရန် ယုံကြည်မှုကို ဖော်ပြနေကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေး၊ ပညာရေး၊ ဆေးဝါးကုသရေး၊ စားသောက်ကုန် စိတ်ချရခြင်း စသည့်နယ်ပယ် များတွင် အဆက်မပြတ် ကောင်းမွန်ပြည့်စုံလာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၌ တစ်ကမ္ဘာလုံး အာရုံစိုက်ရလောက်အောင် ကြီးမားသည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဖော်ပြသည်။

   Webradio