• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရပ်ဘက် အင်အားများ OBOR ထူထောင်ရေးတွင် ပါဝင်ရန် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ကော်မတီဝင်များ ပန်ကြား

(GMT+08:00) 2017-03-13 10:35:10

ယခုနှစ် တရုတ် အစိုးရ လုပ်ငန်းအစီရင်ခံစာတွင် OBOR ထူထောင်ရေး အကြောင်းကို အကြိမ်ကြိမ် တင်ပြခဲ့သည်။ ပီကင်း၌ ကျင်းပနေသော တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် နှစ်ပတ်လည်အစည်းအဝေးတွင် ကော်မတီဝင်များသည် ပိုမိုများပြားသော အရပ်ဘက် အင်အားများသည် OBOR ထူထောင်ရေးတွင် ပါဝင်ကြရန် ပန်ကြားခဲ့ကြသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီး ကျုံးစမ်းက၊ လွန်ခဲ့သည့်နှစ်က တရုတ်နိုင်ငံ၏ OBOR တလျှောက်မှ နိုင်ငံများ၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄့ ၅ ဘီလီယံ ရှိခဲ့ကြောင်း၊ တရုတ် လုပ်ငန်းကုမ္ပဏီများသည် OBOR တလျှောက်မှ နိုင်ငံ ၂၀ ကျော်၌ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ၅၆ ခု တည်ထောင်ပြီ ဖြစ်ပြီး ငွေရင်း မြှုပ်နှံမှု စုစုပေါင်းပမာဏမှာ ၁၈့ ၅ ဘီလီယံကျော် ရှိကာ ယင်းနိုင်ငံများ၏ အကောက်ခွန် သန်း ၁၁၀၀ ခန့်နှင့် အလုပ်အကိုင်နေရာသစ် ၁ သိန်း ၈ သောင်းကျော် တိုးစေ နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

ပင်လယ်ရပ်ခြားရောက် တရုတ်အနွယ်ဖွားများ၏ OBOR ထူထောင်ရေး လုပ်ငန်း အပေါ် အကျိုးသက်ရောက်မှုနှင့် ပတ်သက်ပြီး ကော်မတီဝင် ဖြစ်သူ တရုတ် ပြည်လုံးဆိုင်ရာ တရုတ်ပြည်ပြန် တရုတ်အနွယ်ဖွားများအသင်းချုပ် ဒုဥက္ကဋ္ဌ ချောင်ဝေက၊ ပြည်တွင်း ပြည်ပမှ တရုတ်အနွယ်ဖွား အားလုံး အကျိုးစီးပွါး ခံစားစေရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မူဝါဒများနှင့် ရန်ပုံငွေများကို သီးသန့်သပ်သပ် ထားရှိရမည် ဖြစ်ကြောင်း၊ တရုတ် လုပ်ငန်း ကုမ္ပဏီများ ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် တရုတ်အနွယ်ဖွားများ၏ အင်အားကို အားကိုးရန် အားပေးထောက်ခံရမည် ဖြစ်ကြောင်း တိုက်တွန်းခဲ့ပါသည်။

   Webradio