![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ လုပ်ငန်းပေါင်းစုံမှ ကော်မတီဝင်များသည် ယခုလ ၉ ရက်နေ့ နံနက်ပိုင်းက တရားမဥပဒေ အထွေထွေစည်းမျဉ်းများ မူကြမ်းကို အဖွဲ့များခွဲပြီး ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
တရားမဥပဒေ အထွေထွေစည်းမျဉ်းများသည် စီးပွါးရေးနှင့် လူမှုရေး ကဏ္ဍပေါင်းစုံ ပါဝင်ထားကြောင်း၊ ကော်မတီဝင်များသည် အထွေထွေစည်းမျဉ်းများ မူကြမ်းတွင် သန္ဓေခဲ ဓနဥစ္စာ ပိုင်ခွင့်၊ တရားမ ဆောင်ရွက်မှု ကန့်သတ်သော အသက်အရွယ် ပြုပြင်ခြင်း စသည် အများတကာ အာရုံစိုက်နေသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။