• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြည်သူ့ကွန်ရက်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2017-03-12 08:54:07

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ညီညွတ်ရေးတပ်ပေါင်းစု ဝန်ကြီးဌာန၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တိုင်းရင်းသားလူမျိုးစု ကော်မတီ၊ နိုင်ငံတော် တိုင်းရင်းသား လူမျိုးစုရေးရာ ကော်မတီ၊ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ တိုင်းရင်းသားလူမျိုးစုနှင့် ဘာသာရေးကော်မတီတို့သည် ယခုလ ၁၁ ရက်နေ့ညက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ လက်ဖက်ရေ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း၊ ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျမ်းတေကျန်း၊ ယူကျင့်ရှင်း၊ လျူယွင်စမ်၊ ဝမ်ချီစမ်နှင့် ကျမ်းကောလိ အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များနှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးနှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် အစည်းအဝေး တက်ရောက်နေသော တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်များသည် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio