• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ကြိမ်မြောက် NPC ကိုယ်စားလှယ်များအား ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် ရွေးချယ် တင်မြှောက်မည်

(GMT+08:00) 2017-03-09 11:01:43

၁၃ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်ဦးရေ နှင့် ရွေးကောက်ရေးပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို မတ်လ ၈ရက်နေ့က ၁၂ကြိမ် မြောက် NPC ပဉ္စမ အကြိမ် အစည်းအဝေးတွင်  စိစစ်ဆွေးနွေးရန် တင်သွင်းခဲ့ကြောင်း၊ ယင်းမူကြမ်းအရ ၁၃ကြိမ်မြောက် NPC ကိုယ်စားလှယ်များအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

တရုတ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ တရားဥပဒေအရ ၂၀၁၈ခုနှစ် မတ်လတွင် ၁၂ကြိမ်မြောက် NPC၏ သက်တမ်းပြည့်မည်ဖြစ်ကြောင်း၊ ၁၂ကြိမ်မြောက် NPC ပဉ္စမ အကြိမ် အစည်းအဝေးတွင် ၁၃ကြိမ်မြောက် NPC ကိုယ်စားလှယ်ဦးရေ နှင့် ရွေးကောက်ရေးပြဿနာများကို စီစဉ်ပေးရမည်ဖြစ်ကြောင်း၊ သိရပါသည်။

ယင်းမူကြမ်း၏သတ်မှတ်ချက်အရ ၁၃ကြိမ်မြောက် NPC ကိုယ်စားလှယ်ဦးရေသည် ၃၀၀၀ မကျော်ကြောင်း သိရပါသည်။

   Webradio