• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ပဉ္စမအကြိမ်အစည်းအဝေးဒုတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးကျင်းပ

(GMT+08:00) 2017-03-09 10:42:10

၁၂ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ပဉ္စမအကြိမ်အစည်းအဝေးသည် ယမန်နေ့ ၈ ရက်နေ့ညနေပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ဒုတိယအကြိမ်မျက်နှာစုံညီအစည်းအဝေးကျင်းပခဲ့ရာ ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏တာဝန်အပ်နှင်းမှုဖြင့် ဥက္ကဋ္ဌကျန်းတယ်ကျန်သည် လုပ်ငန်း အစီရင်ခံစာတင်ပြခဲ့သည်။အစည်းအဝေးတွင် တရားမဥပဒေအထွေထွေစည်းမျဉ်း မူကြမ်း၏ရှင်းပြချက်၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ၁၃ကြိမ်မြောက်ပြည်လုံး ဆိုင်ရာပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ရွေးချယ်တင်မြောက်ရေးနည်းလမ်းမူကြမ်းနှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသ ၁၃ကြိမ်မြောက်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်ရွေးချယ် တင်မြောက်ရေးနည်းလမ်းမူကြမ်းရှင်းပြချက်ကို ကြားနာခဲ့သည် ဟုဆင်ဟွာသတင်းအရသိရသည်။

   Webradio