• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်းအစီရင်ခံစာ စိစစ်

(GMT+08:00) 2017-03-09 10:12:45

၁၂ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေးကို ပီကင်း၌ ကျင်းပနေသည်။ ယခုလ ၈ ရက်နေ့ ညနေပိုင်းက ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်း အစီရင်ခံစာကို အစည်းအဝေးသို့ တင်သွင်းပြီး စိစစ် ဆွေးနွေးခဲ့သည်။ ယင်းအစီရင်ခံစာတွင်၊ အဓိက လုပ်ငန်းနယ်ပယ်များ၌ ဥပဒေပြုရေးလုပ်ငန်းကို အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဥပဒေပြုရေး အရည်အသွေးကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ ကြီးကြပ်ရေးလုပ်ငန်းကို အားဖြည့်မည် ဖြစ်ကြောင်း၊ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များ၏ ဥပဒေနှင့်အညီ လုပ်ငန်းတာဝန် ဆောင်ရွက်ခြင်းကို အာမခံပေး ထောက်ခံမည် ဖြစ်ကြောင်း ဖေါ်ပြ ထားသည်။ နိုင်ငံတော် ကြီးကြပ်ရေးဥပဒေနှင့် စတော့ရှယ်ယာ ဥပေဒ အပါအဝင် ပြည်သူလူထု၏ နေထိုင်မှုဘဝနှင့် ဆက်စပ်သော အရေးကြီး ဥပဒေမူကြမ်းများကိုလည်း ယခုနှစ် ဥပဒေပြုရေး စီမံကိန်းတွင် ထည့်သွင်းမည်ဟု သတင်းရရှိပါသည်။

ယင်းအစီရင်ခံစာတွင် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျန်းတေကျန်းသည် လွန်ခဲ့သည့်နှစ်အတွင်း ဥပဒေပြုရေးလုပ်ငန်းဆိုင်ရာ အကြောင်းများကို ပေါင်းရုံး သုံးသပ် ခဲ့သည်။ ကျန်းတေကျန်းက၊ လွန်ခဲ့သည့်နှစ်တွင် တရားမ ဥပဒေ အထွေထွေနည်းဥပဒေကို သုံးကြိမ် စိစစ်ခဲ့ကြောင်း၊ အင်တာနက် လုံခြုံရေး ဥပဒေနှင့် နိုင်ငံတော်ကာကွယ်ရေး လမ်းပန်းဆက်သွယ်မှု ဥပဒေကို ထုတ်ပြန် ခဲ့ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အခွန်ကောက်ယူရေးဥပဒေကို စိစစ် အတည်ပြုခဲ့ကြောင်း ဖေါ်ပြထားပါသည်။

   Webradio