• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လယ်ယာစိုက်ပျိုးရေး ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ကော်မတီ အဖွဲ့ဝင် ပြောကြား

(GMT+08:00) 2017-03-08 17:28:13

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ယခုလ ၅ရက်နေ့က အစိုးရ လုပ်ငန်း အစီရင်ခံစာ တင်သွင်းရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်သော ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာ တွန်းအားပေးပြီး လယ်ယာစိုက်ပျိုးရေး နှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးမှုသစ်များကို အရှိန်မြှင့် ဖော်ထုတ်ရန် လိုအပ်ကြောင်း ပြောကြားသည်ဟု စီအာအိုင်က ရေးသားဖော်ပြသည်။

၆ရက်နေ့က ကျင်းပခဲ့သော ၁၂ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပဉ္စမအကြိမ် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီအဖွဲ့ဝင်၊ စီးပွားရေး ကော်မရှင် ဒုဥက္ကဋ္ဌ ချင်ရှီးဝင်က လယ်ယာစိုက်ပျိုးရေးနှင့် ပတ်သက်သော ဖြန့်ဖြူးရေး ဆိုင်ရာ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးခြင်းသည် ပြည်တွင်း ဝယ်လိုအား အပေါ် တုံ့ပြန်ရန်နှင့် နိုင်ငံတကာ ဈေးကွက်မှ ဖိအားပေးမှု အပေါ် ရင်ဆိုင်ရန် ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်မှန်သမျှ၏ အရည်အသွေးကို ကောင်းမွန်တိုးမြှင့်ပြီး ယခုက လိုအပ်ချက် သစ်ကိုဖြည့်စွက်ရန် လိုအပ်ကြောင်း၊ ထို့အပြင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ရှိသော ဖွံ့ဖြိုးတိုးတက်မှု ခံယူချက်ကို စွဲကိုင်ပြီး လယ်ယာစိုက်ပျိးရေးကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခင်ကဲ့သို့ သီးထွက်ပမာဏသက်သက် အတွက် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး အမြောက်အများ အသုံးပြုမှု မလုပ်တော့သင့်ကြောင်း ပြောကြားသည်။

   Webradio