• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယူနန်ပြည်နယ်ဖွံ့ဖြိုးရေးသည်၊ OBOR စီမံကိန်းကြီးတွင် ထည့်သွင်းစဉ်းစားသင့်

(GMT+08:00) 2017-03-08 11:08:49

      တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်၊ ယူနန်ပြည်နယ် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဟိုလျန်ဟွေးက၊ ယူနန်ပြည်နယ်အနေနှင့်၊ နိုင်ငံတော်၏ သံတမန်ရေးရာ၊ မဟာဗျူဟာနှင့် ပေါ်လစီမူဘောင်များအတွင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ပိုမိုလျင်မြန်စွာ တည်ထောင်သွားမည်ဖြစ်ပြီး၊ OBOR စီမံကိန်းကြီးတွင် ပိုမိုကောင်းမွန်စွာ ထည့်သွင်းပါဝင် မည်ဖြစ်ကြောင်း ယခုလ ၇ ရက်နေက ပြောကြားခဲ့သည်ဟု သိရသည်။

ဟိုလျန်ဟွေးက၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ညွှန်ကြားချက် အရ၊ ယူနန် ပြည်နယ်ဖွံ့ဖြိုးရေးကို OBOR စီမံကိန်းကြီးတွင် ထည့်သွင်းစဉ်းစားသင့် ကြောင်း ပြောကြားခဲ့ သည်။

   Webradio