• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အမျိုးသမီးကိုယ်စားလှယ် ၂၃.၇ရာခိုင်နှုန်းရှိ

(GMT+08:00) 2017-03-08 10:21:54

နိုင်ငံအသီးသီးလွှတ်တော်များအဖွဲ့ချုပ်သည် ၆ ရက်နေ့က ဂျီနီဗါ၌ ထုတ်ပြန်ခဲ့သော ၂၀၁၆ခုနှစ်လွှတ်တော်ထဲကအမျိုးသမီး ဟူသော အစီရင်ခံစာအရ ၂၀၁၆ခုနှစ် နိုင်ငံအသီးသီးလွှတ်တော်များထဲက အမျိုးသမီးလွှတ်တော်အမတ်ပျမ်းမျှဦးရေမှာ လွန်ခဲ့သည့်နှစ်ကထက် ၀.၇ ရာခိုင်နှုန်း တိုးများပြီး ၂၃.၃ရာခိုင်နှုန်းရှိပေမယ့် ယင်းသည် လွှတ်တော်များအဖွဲ့ချုပ်ကသတ်မှတ်ထားသော အမျိုးသမီးလွှတ်တော်အမတ် ၅၀ ရာခိုင်နှုန်းရှိရမည်ဟုဆိုသည့်ရည်မှန်းချက်နှင့် ကွယ်ဟမှု များစွာရှိနေသေး၍ ဆက်လက်ကြိုးပမ်း အားထုတ်လိုကြောင်း၊ ထို့အပြင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ထဲက အမျိုးသမီးကိုယ်စားလှယ်၏အချိုးအစားမှာ ၂၃.၇ ရာခိုင်နှုန်းရှိပြီး တစ်ကမ္ဘာလုံး ပျမ်းမျှအဆင့်အတန်းထက်ပိုများကြောင်းစီအာအိုင် သတင်းအရသိရသည်။

   Webradio