• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Saturday  may 17th   2025   

ဂျီဒီပီ ၆့၅ရာခိုင်းနှုန်း တိုးရန် ရည်မှန်းချက် အကောင်အထည်ဖော်နိုင်မည်ဟု တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌဆို

(GMT+08:00) 2017-03-07 14:54:45

တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ တာဝန်ခံ ၃ဦးက ယခုလ ၆ရက်နေ့က ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲတွင် ယခုနှစ် စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်းမှာ ၆့၅ရာခိုင် နှုန်းခန့်ကို သတ်မှတ်ရန် လိုအပ်ပြီး ၄င်းရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ယခုနှစ်တွင် တရုတ်ပြည်သည် the real economy တစ်ဆင့် တိုးမြှင့်ရန် ဆောင်ရွက်ချက်များ ပြုလုပ်မည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

၂၀၁၆ခုနှစ်က တရုတ် စီးပွားရေး တိုးနှုန်းမှာ ၆့၇ရာခိုင်နှုန်းရှိပြီး လွန်ခဲ့သည့် ၂၆နှစ် အတွင်း အနိမ့်ဆုံး ဖြစ်သည်။ ယခုနှစ် အစိုးရသည် စီးပွားရေး ခန့်မှန်းခြေတိုးနှုန်းမှာ ၆့၅ရာခိုင်နှုန်းခန့်ရှိရန် သတ်မှတ်ထားကြောင်း၊ အချို့က တရုတ် စီးပွားရေး ရှေ့အလား အလာ အပေါ် စိုးရိမ်မှု ဖြစ်လာသည်။

ယင်းနှင့် ပတ်သက်၍ တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ဟိုလိဖုန်းက သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် စီးပွားရေး တိုးနှုန်းမှာ မူလက လျင်မြန်သော တိုးတက်မှု အရှိန်ရှိသည်မှ ယခု အသင့်အတင့် လျင်မြန်သော အရှိန် အဖြစ် လျှော့ချသော်လည်း စီးပွားရေး တိုးတက်မှု ပမာဏမှာတော့ တဖြည်းဖြည်း တိုးပွားလာမည် ဖြစ်ကြောင်း၊ ၄င်းခန့်မှန်းခြေ တိုးနှုန်း သတ်မှတ်ရန် လိုအပ်ကြောင်း၊ အကောင်အထည် ဖော်ရန် စိတ်ပိုင်းဖြတ်မှုနှင့် ယုံကြည်မှုလည်း ရှိကြောင်း ပြောကြားသည်။

no comments !
   Webradio