• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   Wednesday  may 21th   2025   

တရုတ်စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်း အနည်းငယ် လျှော့ချခြင်းနှင့် ပတ်သက်၍ လီခေ့ချန် ပြောကြား

(GMT+08:00) 2017-03-07 14:54:02

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၆ရက်နေ့က ၁၂ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေးသို့ တက်ရောက်နေသော စန်းတုန်းပြည်နယ် ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ လုပ်ငန်း အစီရင်ခံစာကို အတူ စိစစ်ဆွေးနွေးကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထို့သို့စိစစ်ဆွေးနွေးရာတွင် ဝန်ကြီးချုပ် လီခေ့ချန်က အစိုးရ လုပ်ငန်း အစီရင်ခံစာ၌ ယခုနှစ် စီးပွားရေး ခန့်မှန်းခြေ တိုးနှုန်းမှာ ၆့၅ရာခိုင်နှုန်းခန့် ရှိမည်ဖြစ်ကြောင်း ရေးသား ဖော်ပြသည်၊ ယင်းသည် စီးပွားရေး အသင့်အတင့် လျန်မြန်သော တိုးတက်မှုအရှိန်ကို ထိန်းသိမ်းထား နိုင်မည့်အပြင်၊ စီးပွားရေး ဥပဒေသနှင့်လည်း ကိုက်ညီကြောင်း၊ ထို့အပြင်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပမာဏသည် ယမန်နှစ်ကထက် ပိုများပြီး အလုပ်အကိုင်နေရာ ချထားရေး ကိုကျားကန်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ် လီခေ့ချန်က တရုတ် စီးပွားရေး စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၁၀၀၀ကျော်ရှိပြီ ဖြစ်ကြောင်း၊ ၄င်းစုစုပေါင်း ပမာဏ၏ အခြေခံပေါ်တွင် အသင့်အတင့် လျန်မြန်သော တိုးတက်မှုအရှိန်ကို ထိန်းသိမ်းထားခြင်းသည် စုစုပေါင်း ပမာဏ ကန်ဒေါ် လာ၃ထောင်ကျော်ရှိသည့် စီးပွားရေးအုပ်စုများထဲတွင် မရှိသလောက်ပင် ဖြစ်ကြောင်း၊ စီးပွားရေး ခန့်မှန်းခြေ တိုးတက်နှုန်း အနည်းငယ် လျှော့ချသည့် ရည်ရွယ်ချက်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးနှင့် အကျိုးစွမ်းဆောင်မှု အပေါ် ပိုပြီး အလေးထား ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ဝန်ကြီးချုပ် လီခေ့ချန်က စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည့် လုပ်ငန်း အခြေခံ အနှစ်သာရနှင့် အညီ လုပ်ငန်းဌာနများအား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရည် အသွေးနှင့် အကျိုးစွမ်းဆောင်မှု အပေါ် ပိုပြီး အလေးထား ဆောင်ရွက်စေပြီး ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ခြင်းဖြင့် စီးပွားရေး ဆက်တိုက်ကောင်း မွန်စွာဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးမှုကို တိုးမြှင့်ရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။  

no comments !
   Webradio