• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် တရုတ်စီးပွားရေး ၆့၅ရာခိုင်နှုန်းကျော်တိုးတက်နိုင်ဖွယ်ရာရှိမည်ဟု တရုတ် စီးပွားရေးပညာရှင်ဆို

(GMT+08:00) 2017-03-07 12:38:39

      ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအုပ်စုအနေနှင့်၊ တရုတ်ပြည်မှ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် နှစ်စဉ်ပျမ်းမျှစွမ်းဆောင်ပြုမှုနှုန်းသည်၊ ရာခိုင်နှုန်း၃၀ကျော်ဖြစ်သဖြင့်၊ တရုတ်စီးပွားရေးအပေါ်၊ တကမ္ဘာလုံးက အာရုံစိုက်နေကြသည်။ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်၊ စီးပွားရေးပညာရှင် လိယီနင်းက၊ ၂၀၁၇ခုနှစ်တွင် တရုတ် စီးပွားရေးတိုးတက်နှုန်းသည်၊ ၆့၅ ရာခိုင်နှုန်းကျော်ရှိနိုင်ဖွယ်ရာ ရှိပြီး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရာ၌ ပိုမိုများပြားသောအောင်မြင်မှုရရှိမည်ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က ကျင်းပသည့် ၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပဉ္စမအကြိမ်အစည်းအဝေး၏သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု စီအာအိုင်ကဖော်ပြသည်။

   Webradio