• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာစံနှုန်းမြင့်လွတ်လပ်သောကုန်သွယ်ရေးဇုံ ရှန်ဟိုင်းတည်ဆောက်မည်

(GMT+08:00) 2017-03-07 12:38:05

      တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်၊ ရှန်ဟိုင်းမြို့တော်ဝန် ယင့်ယုန်သည်၊ ယခုလ ၆ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ရာ၌၊ ရှန်ဟိုင်းအနေနှင့်၊ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး၊ ရှန်ဟိုင်း လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုံနယ် နက်ရှိုင်းတည်ဆောက်ရေးလုပ်ငန်း စီမံကိန်း ကို ရေးဆွဲချမှတ်နေကြကြောင်း၊ အထွေထွေရည်မှန်းချက်မှာ ၂၀၂၀ပြည့်နှစ် ရောက်လျှင်၊ ရှန်ဟိုင်းလွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုံနယ်ကို နိုင်ငံတကာစံနှုန်းမြင့် လွတ်လပ် သော ကုန်သွယ်ရေးဇုံအဖြစ် တည်ဆောက်သွားရန်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်ဟု စီအာအိုင်က ဖော်ပြသည်။

   Webradio