ရှန်းတုန်းကိုယ်စားလှယ်အဖွဲ့စိစစ်ဆွေးနွေးပွဲတွင် လီခေ့ချန်ပါဝင်
(GMT+08:00) 2017-03-07 12:29:38
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့အမြဲတမ်းကော်မတီဝင်၊ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယမန်နေ့ ၆ ရက်နေ့ နံနက်ပိုင်းက ၁၂ ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ပဉ္စမအကြိမ် အစည်းအဝေးမှ ရှန်းတုန်းကိုယ်စားလှယ်အဖွဲ့၏ အစိုးရလုပ်ငန်းအစီရင်ခံစာ စိစစ်ဆွေးနွေးပွဲ တွင် ပါဝင်ခဲ့သည်။ကျန်းယိခန်း၊ စွန်ဝေ၊ ကျုံချင်လဲ့ စသည့်ကိုယ်စားလှယ်များသည် ဖွံ့ဖြိုးရေးအရည်အသွေးမြှင့်တင်ရေး၊ လုပ်ငန်းထူထောင်ရေး၊ နိုင်ငံခြားနှင့်ကုန်သွယ်မှု ပုံစံပြောင်းလဲရေး၊ တောင်သူလယ်သမားဝင်ငွေတိုးများရေးစသည့်ကိစ္စနှင့်ပတ်သက်၍ စကားပြောဆိုခဲ့သည်။လီခေ့ချန်သည် ၄င်းတို့နှင့်အတူ နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်ဟုဆင်ဟွာသတင်းအရသိရသည်။