• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ်လီခေ့ချန်၏ အစိုးရလုပ်ငန်း အစီရင်ခံစာကို စင်္ကာပူမီဒီယာများ အာရုံစိုက်ကြ

(GMT+08:00) 2017-03-06 15:23:42

၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပဉ္စမအကြိမ် အစည်းအဝေး ၌ တရုတ်ဝန်ကြီးချုပ် လီခေ့ချန်မှ ထုတ်ပြန်ခဲ့သော အစိုးရလုပ်ငန်း အစီရင်ခံစာကို ယခုတလောတွင် စင်္ကာပူမီဒီယာများသည် များစွာ အာရုံစူးစိုက်နေ ကြကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

တရုတ်အစိုးရလုပ်ငန်းအစီရင်ခံစာကို မထုတ်ပြန်သေးမီ မတ်လ ၄ရက်နေ့က စင်္ကာပူ လျန်ဟိုဇော်ပို သတင်းစာတွင် ထုတ်ပြန်တော့မည့် ဆောင်းပါးတစ်ပုဒ်တွင် တရုတ်စီးပွားရေးဆိုင်ရာအပိုင်း အပေါ် ခန့်မှန်းခဲ့ရာ၊ ယခုနှစ် တရုတ်စီးပွားရေး တိုးတက်မှုနှုန်းမှာ ၆.၅ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းကြောင်း၊ ဖော်ပြပါသည်။

ဟောင်ကောင် သီးခြားလွတ်လပ်ရေးသည် ထွက်ပေါက်မရှိကြောင်း၊ မိမိတို့သည် ဟောင်ကောင်၊ မာကာအို ရေရှည်သာယာတည်ငြိမ်ရေးအပေါ် တစ်လျှောက်လုံး ယုံကြည်စိတ်အပြည့်အဝရှိကြောင်း၊ တရုတ်ဝန်ကြီးချုပ် လီခေ့ချန်က အစိုးရအစီရင်ခံစာကို ထုတ်ပြန်ရာတွင် ပြောကြားခဲ့သည်ဟု၊ မတ်လ ၅ရက်နေ့က `The Straits Times` သတင်းစာ ဝက်ဆိုက်၌ ရေးသားဖော်ပြပါသည်။

   Webradio