• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်းကိုယ်စားလှယ်အဖွဲ့စိစစ်ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်ပါဝင်

(GMT+08:00) 2017-03-06 14:52:46

 ၁၂ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး ကို ယမန်နေ့ ၅ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ထိုနေ့က ရှန်ဟိုင်းမြို့ကိုယ်စားလှယ်အဖွဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာစိစစ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။ရှီကျင့်ဖိန်က ရှန်ဟိုင်းမြို့သည် တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲရေးနှင့်တံခါးဖွင့် ရေး၏ ရှေ့ပြေးအဖြစ် ဆန်းသစ်တီထွင်ပြီး လွတ်လပ် သော ကုန်သွယ်ရေးဇုန်ပြုပြင်ပြောင်းလဲရေးကို နက်ရှိုင်းစေကာ သိပ္ပံနည်းပညာဆန်းသစ် တီထွင်ရေးစင်တာတည်ဆောက်မှုကို တွန်းအားပေးရန်၊ လူမှုစီမံခန့်ခွဲမှုဆန်းသစ်တီထွင် ရေးကို တွန်းအားပေးရန်၊ ပါတီကို ဘက်စုံ တင်းကျပ်စွာ စီမံခန့်ခွဲရေးဘက်တွင် အကျိုးဆောင်နိုင်ရန် မျှော်လင့်ကြောင်းပြောကြားသည်။

   Webradio