• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပီကင်းကိုယ်စားလှယ်အဖွဲ့စိစစ်ဆွေးနွေးပွဲတွင် ဝမ်ချီရှန်ပါဝင်

(GMT+08:00) 2017-03-06 14:21:38

 တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ဗဟိုစည်းကမ်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူးဝမ်ချီရှန်သည် ယမန်နေ့ ၅ ရက်နေ့ ညနေပိုင်းက ပီကင်းကိုယ်စားလှယ်အဖွဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာစိစစ်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။၎င်းက ပါတီရေရှည်အာဏာကျင့်သုံး သည့်အခြေအနေတွင် ကိုယ့်ကိုယ်ကို ကြီးကြပ်စစ်ဆေးသော ထိရောက်သည့်လမ်းကြောင်း စူးစမ်းလေ့လာခြင်းသည် ပါတီ၏ဦးဆောင်မှု စွဲကိုင်ခြင်းနှင့် အားသစ်လောင်းပေးခြင်းနှင့် ပတ်သက်ကြောင်း၊ ပါတီ၏ အာဏာကျင့်သုံးစွမ်းရည်နှင့် စီမံခန့်ခွဲရေးအဆင့်အတန်း မြှင့်တင်ရေးနှင့်ပတ်သက်ကြောင်း၊ နိုင်ငံတော်ကြီးကြပ်စစ်ဆေးရေးစနစ် ပြုပြင်ပြောင်းလဲ ရေးကို နက်ရှိုင်းစေပြီး ပါတီဦးဆောင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစနစ် ကို ဖွဲ့စည်းရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

   Webradio