• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ရုရှားမီဒီယာများအာရုံစိုက်ကြ

(GMT+08:00) 2017-03-06 11:27:23

        တရုတ်ပြည်တွင် ကျင်းပနေသည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် နှစ်ပတ်လည်အစည်းအဝေးများအပေါ် အမြဲမပြတ်အာရုံစိုက်ပြီး၊ သတင်းများ စွာဖော်ပြကြသည်။ အထူးသဖြင့် တရုတ်စီးပွားရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်၏ မိန့်ခွန်းပြောကြားချက်အပေါ် အထူးအာရုံစိုက်ကြကြောင်း စီအာအိုင်သတင်းအရသိရ သည်။

ရုရှားအဓိကမီဒီယာများသည်၊ ၅ ရက်နေ့က ဝန်ကြီးချုပ်လီခေ့ချန်တင်သွင်းသည့် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ၂၀၁၇ခုနှစ် တရုတ်စီးပွားရေးတိုးနှုန်းကို ၆့၅ ရာခိုင်နှုန်း ထက်မြင့်ရန်၊ မြို့ပြ အလုပ်အကိုင် နေရာ ၁၁သန်း တိုးပွားစေပြီး၊ မြို့ပြမှတ်ပုံတင် အလုပ်လက်မဲ့နှုန်းကို ၄့၅ရာခိုင်နှုန်းအောက် ထိန်းထားရန်စသည့် အကြောင်းအရာများ အပေါ် အာရုံစိုက်ကြသည်ဟုသိရသည်။

   Webradio