• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စီးပွားရေးခန့်မှန်းခြေတိုးတက်နှုန်းထိန်းညှိခြင်း ကန် မီဒီယာများအာရုံစိုက်

(GMT+08:00) 2017-03-06 11:25:48

       တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၅ ရက်နေ့ နံနက်ပိုင်း က ၁၂ကြိမ်မြောက်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး၌ အစိုးရ လုပ်ငန်းအစီရင်ခံစာတင်သွင်းခဲ့သည်။ အမေရိကန်မီဒီယာများအနေနှင့်၊ တရုတ် စီးပွားရေး ခန့်မှန်းခြေတိုးတက်နှုန်းထိန်းညှိရေး၊ ကြွေးမြီပြဿနာ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကြိုတင် ကာကွယ်ရေးနှင့်ပြုပြင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံရေးအခြေအနေ ကောင်းမွန်စေရေး စသည့် အကြောင်းအရာများအပေါ် အာရုံစိုက်နေကြကြောင်း စီအာအိုင်က ဖော်ပြသည်။

 

   Webradio