• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-03-05 15:29:23

      ၁၂ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့ ၅ ရက်နေ့ နံနက် ၉နာရီတွင် ပီကင်း ခန်းမဆောင်ကြီး၌ ဖွင့်လှစ်ခဲ့ရာ၊ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ တရုတ်နိုင်ငံတော်ကောင်စီ ကိုယ်စား၊ ၂၀၁၇ခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

လီခေ့ချန်က၊ လွန်ခဲ့သည့်နှစ်က တရုတ်ပြည်သည် ပြည်တွင်းပြည်ပမှ ပဋိပက္ခနှင့် အန္တရာယ် အပါအဝင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ၁၈ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဆဌမအကြိမ် မျက်နှာစုံညီ အစည်းအဝေးသည် အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ အမြုတေ အဆင့်နေရာကို တရားဝင် သတ်မှတ်ပေးသည်။ ယင်းသည် ပါတီနှင့် ပြည်သူများ၏ အရင်းခံ အကျိုးစီးပွားကို ဖော်ပြကာ ပါတီနှင့် အမျိုးသား စည်ပင်သာယာ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဥပဒေနှင့်အညီ နိုင်ငံတော်ကို စီမံအုပ်ချုပ်ရေးနှင့် ရေရှည်တည်ငြိမ် ရေးအတွက် အလွန်အရေးကြီးပြီး ရေရှည်လေးနက်သည့် အနက်အဓိပ္ပါယ်လည်းရှိသည်။ တစ်နှစ်ပတ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အဓိက ရည်မှန်းချက်များ ကိုအောင်မြင်စွာ အကောင်အထည်ဖော်ပြီး ၁၃ကြိမ်မြောက် ၅နှစ် စီမံကိန်း အတွက် ကောင်းမွန်သော အစပျိုးလိုက်ြခင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio