• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးစွမ်းဆောင်သူနှင့်နိုင်ငံတကာ စည်းစနစ်ထိန်းသိမ်းကာကွယ်သူဖြစ်သည်ဟု လီခေ့ချန်ပြောကြား

(GMT+08:00) 2017-03-05 15:19:02

      တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ၅ ရက်နေ့က အစိုးရလုပ်ငန်း အစီရင်ခံစာတင်သွင်းခဲ့ရာ၌၊ ကမ္ဘာ့ နိုင်ငံရေးနှင့် စီးပွားရေး စနစ် နက်ရှိုင်းစွာ ပြောင်းလဲလာခြင်းနှင့်အမျှ တရုတ်ပြည်သည် အေးချမ်းတည်ငြိမ်ရေးနှင့် တရားမျှတရေးကို အစဉ်တစိုက် စွဲကိုင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြုစွမ်းဆောင်သူနှင့်နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းကာကွယ်သူ ဖြစ်မြဲဖြစ်နေကြောင်း ပြောကြားခဲ့သည်။

မိမိတို့သည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် ဦးလည်မသုန် လျှောက်လှမ်းပြီး ဘက်ပေါင်းစုံ ပါဝင်ကြသည့် စနစ်၏ သြဇာနှင့် ထိရောက်မှု ကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio