• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-03-05 09:52:47

၁၂ကြိမ်မြောက်တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့ ၅ ရက်နေ့ နံနက် ၉နာရီတွင် ပီကင်းမြို့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပြီး တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့်နိုင်ငံတော်ခေါင်းဆောင်တို့ သည် အစည်းအဝေးကို တက်ရောက်ကြ ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

    အစည်းအဝေးတွင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ၂၀၁၇ခုနှစ် အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ရာ၌ ၂၀၁၆ခုနှစ် တရုတ်အစိုးရလုပ်ငန်များကို ပြန်လည်သုံးသတ်ပြီး ၂၀၁၇ခုနှစ် အစိုးရလုပ်ငန်း၏ လမ်းကြောင်းမြေပုံကို ရေးဆွဲချမှတ်ခဲ့ သည်။ အစည်းအဝေးကို တက်ရောက်ကြသည့် ကိုယ်စားလှယ် ၃၀၀၀ခန့်တို့သည် ၄င်း အစိုးရလုပ်ငန်းအစီရင်ခံစာကို စိစစ်ပြီး မဲပေးဆုံးဖြတ်ခဲ့ကြပါသည်။

 

   Webradio