• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-02-22 14:27:07

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို ယခုလ ၂၁ရက်နေ့က ဖိလစ်ပိုင် နိုင်ငံ Boracayတွင် ကျင်းပခဲ့ကြောင်း၊ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ယာဆေသည် အစည်းအဝေးကို ဦးစီးကျင်းပခဲ့ကြောင်း၊ ယင်းသည် ယခုနှစ် ဖိလစ်ပိုင် အနေနှင့် အာဆီယံ အလှည့်ကျ သဘာပတိ နိုင်ငံ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည့် နောက်ပိုင်းတွင် ဦးစီးကျင်းပသော ပထမဆုံးအကြိမ် အရေးကြီး အစည်းအဝေး ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစည်းအဝေးတွင် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး တစ်ဆင့်တိုး တွန်းအားပေးရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးသည့် ခေါင်းစဉ်များ တွင် "အာဆီယံ အသိုက်အဝန်း ၂၀၂၅ ရှေ့အလားအလာ"၊ အာဆီယံ အာရုံစိုက်သော ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများ ပါဝင်ကြောင်း၊ ထို့အပြင်၊ အစည်းအဝေးသို့ တက်ရောက်ကြသော နိုင်ငံခြားရေး ဝန်ကြီးများသည် အကြမ်းဖက်မှု၊ ပင်လယ်ဓါးပြ၊ လူကုန် ကူးမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ အင်တာနက် လုံခြုံရေး၊ ရာသီဥတု ပြောင်းလဲမှု၊ ပင်လယ်ပြင် လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ဒေသတွင်းနှင့် ပြင်ပ ဒေသများတွင် အေးချမ်းတည်ငြိမ်ရေးနှင့် စည်ပင်သာယာရေး၊ အရှေ့အလယ်ပိုင်း၊ ကိုရီးယားကျွန်းဆွယ်နှင့် တောင်ပင်လယ် အခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေး အပြီး နိုင်ငံခြားရေး ဝန်ကြီး ယာဆေက အမေရိကန်နှင့် တရုတ်သည် ဒေသတွင်း အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေး အတွက် အရေးကြီး အင်အားများ ဖြစ်သည်ဟု အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက သဘောတူ ယူဆကြ ကြောင်း၊ "တောင်ပင်လယ် ဘက်အသီးသီးမှ လုပ်ဆောင်မှု ကြေညာချက်"ကို ဘက်စုံ ထိရောက်စွာ လိုက်နာဆောင်ရွက်မည် ဖြစ်ပြီး ယခုနှစ် အလယ်ပိုင်းတွင် တရုတ်ပြည် နှင့် "တောင်ပင်လယ် လုပ်ဆောင်မှု အခြေခံမူ" ချမှတ်ရေး အတွက် သက်ဆိုင်ရာ မူဘောင်ကို အတူတကွချမှတ်ရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio