• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စီးပွားရေး ဖွံ့ဖြိုးမှု ပုံစံသစ်ကို တွန်းအားပေးမည်ဟု ထိုင်းဝန်ကြီးချုပ်ဆို

(GMT+08:00) 2017-02-21 15:27:40

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်သည် ပြီးခဲ့သည့် အပတ်က ၂၀၁၇ "ထိုင်းနိုင်ငံ၏ အခွင့်အလမ်း" နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း စီာအာအိုင် သတင်းအရ သိရသည်။

ထိုသို့မိန့်ခွန်းပြောကြားရာတွင် ပရာယွတ်က "စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံးစံ 4.0"ကို အင်တိုက်အားတိုက် တွန်းအားပေးရန် ထိုင်းနိုင်ငံ၏ ပြတ်သားသော စိတ်ပိုင်းဖြတ်ချက်ကို ပြောကြားကြောင်း၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ဝန်ထမ်းပြုစုပျိုးထောင်ရေးကို အပြန်အလှန် ဖြည့်စွက်ကူညီပံ့ပိုးနိုင်အောင် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားသည်။

ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကော်မတီမှ ဦးစီးမှုဖြင့် ၂၀၁၇ "ထိုင်းနိုင်ငံ၏ အခွင့်အလမ်း" နှီးနှောဖလှယ်ပွဲကို Nonthaburi ပြည်နယ် Muang Thong Thani အစည်းအဝေးနှင့် ပြပွဲ စင်တာတွင် ကျင်းပခဲ့ကြောင်း၊ ပရာယွတ်နှင့် ကက်ဘိနက် အဖွဲ့ဝင် များစွာတို့သည် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရသည်။

 မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ် ပရာယွတ်က ထိုင်းနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုသမိုင်းကို ပြန်လည် သုံးသပ်ပြီး လက်ရှိအချိန်၌ ယနေ့ခေတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အညီ ပြုပြင်ပြောင်းလဲမှု တွန်းအားပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

၎င်းက ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံသည် ခေတ်ပြောင်းလဲမှုနှင့် အညီ

အစဦးဆုံးက ရိုးရာ လယ်ယာစိုက်ပျိုးရေး 1.0၊ အပေါ့စား စက်မှုလုပ်ငန်း 2.0နှင့် အကြီးစား စက်မှုလုပ်ငန်း 3.0ကို ကျင့်သုံးဆောင်ရွက်ခဲ့ဖူးကြောင်း၊ ယခုတွင် ပုံစံ4.0ကို စတင် ကျင့်သုံးနေကြောင်း၊ ထိုင်းနိုင်ငံသည် ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ကျင့်သုံးရမည် ဖြစ်ကြောင်း၊ သို့မှသာ ခေတ်နှင့် တပြေညီ ဖြစ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio