• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်တို့ သိမ်းပိုက်သည့် ကာလတွင် သေဆုံးသူများ အတွက် စင်ကာပူ အထိမ်းအမှတ်ပြု အခမ်းအနား ကျင်းပ

(GMT+08:00) 2017-02-16 15:05:29

ဖေဖော်ဝါရီလ ၁၅ရက်နေ့သည် စင်ကာပူ နိုင်ငံက ဂျပန်တို့၏ သိမ်းပိုက်မှု တွင်ကျဆုံးသွားခဲ့သည့် ၇၅နှစ်ပြည့်မြောက်နှစ် အထိမ်းအမှတ်နေ့ ဖြစ်သည်။ ၁၅ရက်နေ့က စင်ကာပူ နိုင်ငံ တရုတ် အနွယ်ဖွား ကုန်သည်များ အဖွဲ့ချုပ်သည် Beach Road လမ်းက ဂျပန်တို့ရဲ့ သိမ်းပိုက်မှု ခံခဲ့ရသည့် အချိန်ကာလအတွင်း သေဆုံးသူများအတွက် အထိမ်းအမှတ် ကျောက်တိုင် ရှေ့တွင် ပုံမှန် အထိမ်းအမှတ်ပြု အခမ်းအနားကို ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

    စင်ကာပူ နိုင်ငံ ယဉ်ကျေးမှု၊ လူနေရပ်ကွက်နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဖူဟိုင်ယန့်၊ စင်ကာပူ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချင်ရှောင်တုန်း အပါအဝင် ဧည့်သည်တော် ၂၀၀ကျော်နှင့် စင်ကာပူ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း များမှ ကျောင်းသူကျောင်းသား ၁၁၀၀ကျော်သည် ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

 

   Webradio