• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်သည် ကုန်သွယ်မှု ကယ်ဆယ်ရေး ဌာန တည်ထောင်မည်

(GMT+08:00) 2017-02-07 15:36:08

ဗီယက်နမ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ချင်ကျွင့်ယင်းက ဂလိုဘယ်လိုက် ဇေးရှင်း အခြေအနေမျိုးတွင် ဗီယက်နမ် ကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးကို ထိန်းသိမ်း ကာကွယ်ရေး အတွက် မိမိတို့ ဝန်ကြီး ဌာနသည် ကုန်သွယ်မှု ကယ်ဆယ်ရေး ဦးစီးဌာနကို တည်ထောင်ရန် စီစဉ်ထားကြောင်း မကြာမီက ပြောကြာခဲ့သည်ဟု ဗီယက်နမ် နိုင်ငံ  "ဗီယက်နမ် သတင်း"မှ သတင်းအရ သိရသည်။

ဝန်ကြီး ချင်ကျွင့်ယင်းက ကုန်သွယ်မှု ကယ်ဆယ်ရေး ဦးစီးဌာနသည် ကုန်သွယ်မှု ကယ်ဆယ်ရေး ဆိုင်ရာ အမျိုးသား စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ကို ရိုင်းပင်းကူညီ ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ၄င်းဦးစီးဌာနသည် အခြား လုပ်ငန်းဌာနများနှင့် ပူးပေါင်းပြီး ဗီယက်နမ်၏ ပုံအောရောင်းချမှု ဆန့်ကျင်ရေး၊ ထောက်ပံ့ကြေးပေးမှု ဆန့်ကျင်ရေး ဆိုင်ရာ ဥပဒေပြုရေးနှင့် ဗီယက်နမ်၏ သွင်းကုန်ပစ္စည်းများ အတွက် အခြား ကုန်သွယ်မှု ကယ်ဆယ်ရေး ဆောင်ရွက်ချက်များ၏ အသုံးဝင်မှုကို ကျင့်သုံးဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဗီယက်နမ် နိုင်ငံ အခွန်တော် လျှော့ချရေးနှင့် အခွန်ကင်းလွတ်ခွင့် ကျင့်သုံးလာသည် နှင့်အမျှ ဗီယက်နမ် ကုမ္ပဏီနှင့် စက်မှုလုပ်ငန်းများသည် သွင်းကုန်ပစ္စည်းများမှ ပြင်းထန် သောယှဉ်ပြိုင်မှုများ၊ အထူးသဖြင့် သမာသမတ်မကျသော ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင် နေရသည်။ ချင်ကျွင့်ယင်းက သွင်းကုန်ပစ္စည်းများမှ ဖိအားပေးမှုကို ရင်ဆိုင်ရေးနှင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ၏ တရားဝင် အခွင့်အရေးကို ထိန်းသိမ်းကာကွယ်ရေး အတွက် နည်းလမ်းတစ်ခုမှာ ပုံအောရောင်းချမှု ဆန့်ကျင်ရေး၊ ထောက်ပံ့ကြေးပေးမှု ဆန့်ကျင်ရေးနှင့် အခြား ကုန်သွယ်မှု ကယ်ဆယ်ရေး ဆောင်ရွက်ချက်များ ကျင့်သုံးရန် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio